တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အကျဉ်းချုပ် Subnational Public Expenditure Review 2019 Fostering Decentralization in Myanmar Executive Summary ံ စရိတပြ ပြည်သ့ူ အသုး ် န်လည်သး ှု စီရင်ခစ ံု သပ်မအ ံ ာကို အခြေခံ၍ ကမ္ဘာဘ့ ဏ်အဖွ့ဲ နှင့် Renaissance Institute တိ့ု အတူတကွ ပြုစုရေးသားထားသည့် အောက်ပါမူဝါဒစာတမ်းများကို မြန်မာ-အင်္ဂလပ ် ာသာဖြင့် Renaissance Institute ၏ ဝက်ဘဆ ိ ် နှစဘ ် ကုိ တ ် င ် န ွ ် ကြည့ရ ုိ ပ ှု င ် ါသည်။ မူဝါဒစာတမ်းများ တိင ် ဒေသကြီး၊ ပြည်နယ်များ၏ အုပခ ု း ် ျုပ်ရေးစနစ်ကုိ ခိင ု မ ် ာအားကောင်းစေခြင်း (၁) တိင ် ဒေသကြီး၊ ပြည်နယ်အစိး ု း ု ရများ၏ ကြီးကြပ်နင ုိ မ် စ ွ း ှု မ ် ရည်ကုိ အားကောင်းစေခြင်း (၂) တိင ် ဒေသကြီး၊ ပြည်နယ်အစိး ု း ု ရအတွငး ် ရှိ အမျ ိုးသမီးပြည်သ့ူ ဝန်ထမ်းများ၏ စွမး ် ဆောင်ရည်မြင့မ ့ံ င်း ် ားစေရန် အားပေးထောက်ပခြ (၃) တိင ် ဒေသကြီး၊ ပြည်နယ်များ၏ အုပခ ု း ် ျုပ်ရေးစနစ်တင ွ ် ဒီဂျစ်တယ်နည်းပညာကို အသုး ံ ပြုခြင်း ု း တိင ် ဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာရေးကို စီမခ ံ န့ခ ဲွ င်း ် ခြ (၄) ငွေလုး ံ စရိတမ ံ ငွေရင်းအသုး ် ျား၏ အရည်အသွေး တိး ် ာစေခြင်း ု တက်ကောင်းမွနလ (၅) တိင ် ဒေသကြီး၊ ပြည်နယ်များအတွက် ဘဏ္ဍာငွေလွှပြေ ု း ့ံ င်းကို ပိ၍ ဲ ာင်းထောက်ပခြ ် ာစေရန် အကြံပြုချက်များ ု ကောင်းမွနလ ် (၆) အခွနရငွေ ဲွ ပြန်လည်ခဝေပေ းသည့အ် စီအစဉ်ကုိ ပိ၍ ု ကောင်းမွနလ် ာစေခြင်း မြို့ပြများ လျင်မြန်စာ ွ ဖွ့ံ ဖြိုးတိး ု တက်လာမှု၏ စိနခေ ် ါ်မှုများကို စီမခ ံ န့ခ် ခြဲွ င်း (၇) ရန်ကန ု မ် ြို့၏ စွန့ပ ် စ်အမကစ ် မ ီ ခ ံ န့ခ ် မဲွ ဆ ှု င ုိ ရ ် ာ ပြုပြင်ပြောင်းလဲရေး အတွေးအမြင်များ (၈) မန္တလေးမြို့၏ စွန့ပ ် စ်အမကစ ် မ ီ ခ ံ န့ခ ် မ ဲွ ဆ ှု င ုိ ရ ် ာ ပြုပြင်ပြောင်းလဲရေး အတွေးအမြင်များ (၉) တောင်ကြီးမြို့၏ စွန့ပ ် စ်အမကစ ် မီ ခံ န့ခ ် မဲွ ဆ ှု င ုိ ရ ် ာ ပြုပြင်ပြောင်းလဲရေး အတွေးအမြင်များ (၁၀) ရန်ကန ု မ် ြို့၏ ပစ္စညး ် ခွနအ် လားအလာကို အပြည့အ ် ဝ အသုး ံ ချခြင်း (၁၁) ရန်ကန ု မ် ြို့တွင် မြင့တ ် က်လာသည့် မြေတန်ဖး ုိ များမှ အကျ ိုးအမြတ်ကုိ ပြန်လည်မျှဝေရယူခြင်း (၁၂) မန္တလေးမြို့၏ မြို့ပြသယ်ယပ ူ ဆ ့ုိ ောင်ရေး စိနခေ ် ါ်မှုများကို ရင်ဆင ုိ ဖြေရ ် ှ း င ် ခြင်း အစီရင်ခစံ ာအပြည့အ ံ ုိ အင်္ဂလပ ် စုက ် ာသာဖြင့် အောက်ပါဝက်ဘဆ ိ ဘ ် က ုိ လ ် င့တ ွ ် ကြည့ရ ် င ှု င ် န ် ါသည်။ ုိ ပ http://documents.worldbank.org/curated/en/400111577821333322/pdf/Subnational-Public-Expenditure-Review-2019-Fostering-Decentralization-in-Myanmar.pdf တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အနှစ်ချုပ် မြန်မာနိုင်ငံအစိုးရသည် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသော်လည်း စီမံအုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါသည်။ မတူကွဲပြားသော ပထဝီအနေအထားနှင့် လူမှု အသိုက်အဝန်းများရှိသည့် မြန်မာနိုင်ငံသည် တံခါးပိတ်ဝါဒနှင့် ပဋိပက္ခသမိုင်းကြောင်းရှိသည့် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းကပင် ဆယ်စုနှစ်များကြာ ပြည်တွင်းပဋိပက္ခနှင့် တပ်မတော်အုပ်ချုပ်ရေးစနစ်ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများ နှောင့်နှေးခဲ့ပါသည်။ ထို့အပြင် စနစ်ဟောင်း၏ဆိုးမွေများဖြစ်သည့် အဖွဲ့အစည်းများတွင် အမျ ိုးသမီးများကိုယ်စားပြုပါဝင်မှု နည်းပါးခြင်း၊ လုပ်ငန်း စွမ်းဆောင်ရည်ထက် လိုက်လျောညီထွေဖြစ်မှုကို ဦးစားပေးသည့်အစိုးရဌာနများ၏ စံသတ်မှတ်ချက် များ၊ ဗြူရိုကရေစီဖွဲ့စည်းပုံများ၊ အစိုးရကဏ္ဍ ရင်းနှီးမြုပ်နှံမှုစီမံခန့်ခွဲရေးအားနည်းခြင်း စသည်တို့ကို ယနေ့တိုင် ရင်ဆိုင် နေရဆဲ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်ခဲ့သည့် နိုင်ငံရေးနှင့်စီးပွားရေးအသွင်းကူးပြောင်းမှုသည် နိုင်ငံ၏ တိုးတက်မှုနှင့် လူမှုဘဝအခြေအနေကို မြှင့်တင်ပေးသော်လည်း ရရှိသောအကျ ိုးကျေးဇူးများကို အစုအဖွဲ့၊ နေရာဒေသ တစ်ခုနှင့် တစ်ခု အကြား ညီမျှစွာဝေမျှနိုင်ခြင်းမရှိပါ။ တစ်ဦးချင်းဝင်ငွေ၊ လူသားဆိုင်ရာဖွံ့ဖြိုးရေး အကျ ိုးရလဒ်အညွှန်းများအရ အခြေခံ အဆောက်အဦ၊ ပြည်သူ့ဝန်ဆောင်မှုများ၏ အရည်အသွေးနှင့် ပတ်သက်၍ ကွာဟချက်လည်း ကြီးမားပါသည်။ ဤကွာဟချက် သည် ပိုမိုကျယ်ပြန့်လာ၍ အချက်အချာမြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်သာ စီးပွားရေး တိုးတက်မှု ဖြစ်ထွန်းပြီး ရှမ်းကုန်းပြင်မြင့်ရှိ ကျေးလက်ဒေသနှင့် ဝေးလံခေါင်သီသောဒေသများသည် ဖွံ့ဖြိုးမှုဗဟိုချက်မနှင့် အလှမ်းဝေး ဆဲ ဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းကို လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံ၏အသွင်းကူးပြောင်းကာလအတွက် အရေးကြီးပါသည်။ နိုင်ငံရေးအရ သတ်မှတ်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် (တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခု) ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်များကို သတ်မှတ် ပေးခြင်းအားဖြင့် ယခင်ဗဟိုချုပ်ကိုင်မှုပုံစံကို ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရရှိရေအတွက် နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည့် အထူးသဖြင့် တိုင်းရင်းသားမျ ိုးနွယ်စုများရှိသော ပြည်နယ်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးစနစ်သစ်သည် အစိုးရ၏တာဝန်ခံမှု၊ ဘက်စုံပါဝင်မှုနှင့် ဗဟုဝါဒ ပိုမိုဖြစ်ထွန်းရေးကို မြှင့်တင် ပေးပါသည်။ ယင်းပြုပြင်ပြောင်းလဲမှုသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ ဦးစားပေးအချက်များနှင့်အညီ ပြည်သူ့ ဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အဦတည်ဆောက်မှုများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ရန်အတွက် များစွာ အထောက်အကူပြုပါသည်။ ဒေသတစ်ခုနှင့်တစ်ခုအကြား၊ အစုအဖွဲ့တစ်စုနှင့် တစ်စုအကြား မညီမျှမှုများကို အလေးထား၍ မျှတမှုရှိပြီး ပဋိပက္ခဖြစ်နိုင်ခြေကိုဂရုပြုသည့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သော ပြည်သူ့ဘဏ္ဍာသုံးစွဲမှုဆိုင်ရာ ဦးတည်ချက်များကိုလည်း ပိုမိုကောင်းမွန်စွာ သတ်မှတ်နိုင်ပါသည်။ သို့သော် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ တရားဝင်လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ ကန့်သတ်မှုများ ရှိပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအတွက် အရအသုံးဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များကို အနည်းငယ်သာ သတ်မှတ်ပေးထား၍ တိုင်း ဒေသကြီးနှင့်ပြည်နယ်အဆင့် လုပ်ငန်းတာဝန်အများစုကို ပြည်ထောင်စုနှင့် ခွဲဝေ၍ ဆောင်ရွက်စေပါသည်။ စည်ပင်သာယာ အုပ်ချုပ်ရေးတစ်ခုတည်းသာလျှင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက အပြည့်အဝ စီမံအုပ်ချုပ်နိုင်သော အုပ်ချုပ်ရေး နယ်ပယ် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ်ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်တွင် စီမံအုပ်ချုပ်ရေး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြား အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး နှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဆက်စပ်မှုများကို ဒေသခံရှုထောင့်မှ သုံးသပ်တင်ပြထားပါသည်။ ရည်ရွယ်ချက်မှာ ကန့်သတ်မှုများရှိသည့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘောင်အတွင်းမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်မှုနှင့် ဘက်စုံပါဝင်မှုတို့ ပိုမိုအား ကောင်းလာစေရန်အတွက် လက်တွေ့ကျ၍ အကောင်အထည်ဖော်နိုင်သော မူဝါဒဆိုင်ရာရွေးချယ်မှုများကို ဖော်ထုတ်ရန် ဖြစ်သည်။ ဖက်ဒရယ်မြန်မာနိုင်ငံ၏ အနာဂတ်ပုံသဏ္ဍာန်နှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုများရှိသော်လည်း 1 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ပြည်သူ့အသုံးစရိတ်ပြန်လည် သုံးသပ်သည့်လုပ်ငန်းစဉ်တွင် အကြံပြုထားသကဲ့သို့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရရှိထားသည့် လုပ်ပိုင်ခွင့်အတွင်းမှ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် အောက်ခြေမှ စတင် သည့် ဖက်ဒရယ်စနစ် ဖြစ်ပေါ်ရေးအတွက် ရေရည်တည်တံ့မှု၊ ဘက်စုံပါဝင်မှုနှင့် တာဝန်ခံမှုများ ပိုမိုခိုင်မာရေး၊ မြန်မာနိုင်ငံ၏ မတူကွဲပြားသော လူမှုစီးပွားရေးအခြေအနေကို ထပ်ဟပ်သည့် ဘဏ္ဍာရေးဆိုင်ရာစီမမံခန့်ခွဲမှုကို မြှင့်တင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ နိုင်ငံတကာအတွေ့အကြုံများအရ ပြီးပြည့်စုံသည့် ဖက်ဒရယ်စနစ်ပုံစံမရှိပါ။ ကာလရှည်ကြာစွာ တည်ဆောက်ထားသည့် ရင့် ကျက်သောဖက်ဒရယ်စနစ်များတွင်ပင် စမ်းသပ်အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ သမိုင်းကြောင်း အပေါ် အခြေခံသည့် မှားယွင်းမှုများနှင့် လက်ရှိအခြေအနေအပေါ်မူတည်၍ သင်ယူရင်းလေ့ကျင့်သည့် နည်းလမ်းဖြင့် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြရပါသည်။ ဖက်ဒရယ်ပြည်ထောင်စုအောက်ရှိ အဖွဲ့အစည်းများကြား ဆက်ဆံရေးကို အခြေခံဥပဒေမူဘောင်နှင့် အစိုးရအချင်းချင်းကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အလေ့အထနှင့် စံသတ်မှတ်ချက်များဖြင့် ပုံဖော်ပါသည်။ ပြုပြင်ပြောင်းလဲရေး နောက်တစ်ဆင့်ကို အစီအစဉ်ရေးဆွဲရန်အတွက် အတွေ့အကြုံနှင့် အထောက်အထားများ ကို အခြေခံသော အငြင်းပွားမှုများ ဆက်လက်ရှိနေပါမည်။ ပြည်သူ့အသုံးစရိတ်ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်က ယင်း အငြင်းပွားမှု၊ သုံးသပ်မှုများ ပိုမိုအားကောင်းစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကခွင့်ပြုထားသော လုပ်ပိုင်ခွင့်နှင့် လက်တွေ့ ကျင့်သုံးမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ အချက်အလက်ရရှိမှုအပေါ်မူတည်၍ သုံးသပ်မှုအတွက် နယ်ပယ်နှင့် အတိုင်းအတာကို ပုံဖော်သတ်မှတ်ပါသည်။ မြန်မာနိုင်ငံ ၏ အစိုးရသတင်းအချက်အလက်စနစ်များဆိုင်ရာ အားနည်းချက်များနှင့်ပတ်သက်၍ အစီရင်ခံစာများစွာ ရှိပါသည်။ အထူး သဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်များတွင် အချက်အလက်များအလှမ်းမီမှုသည် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးနှင့်စီးပွားရေးကဏ္ဍများတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ၊ စီးပွားရေးဆိုင်ရာစွမ်းဆောင်ရည်နှင့် ပတ်သက်လာလျှင် နိုင်ငံ၏အခြားဒေသများ ထက်နောက်ကျပြီး အခြေခံအဆောက်အဦ မလုံလောက်မှုများ၊ ပဋိပက္ခဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောဒေသများ ကို စီမံအုပ်ချုပ်ရသည့် ရှမ်းပြည်နယ် အစိုးရတို့ကို အထူးပြု သုံးသပ်တင်ပြထားပါသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့၏ အဓိကမြို့ကြီးများ၊ ၎င်းတို့နှင့်ဆက်စပ်သော မြို့တွင်းသယ်ယူပို့ဆောင်ရေး ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး ဆိုင်ရာဝန်ဆောင်မှုနှင့် ပတ်သက်သည့် စိန်ခေါ်မှုများ စသည်တို့ကိုလည်း သုံးသပ်တင်ပြပါထားပါသည်။ စိန်ခေါ်မှုများရှိနေဆဲဖြစ်သော်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ ပြည်သူ့ဘဏ္ဍာနှင့်ပြည်သူ့ဝန်ဆောင်မှုများ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ၌ ၎င်းတို့၏ အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်အတွက် လုပ်ပိုင်ခွင့်အာဏာကန့်သတ်ထားမှုများကို အတိုင်းအတာတစ်ခုအထိ ကျော် လွှားလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်စီမံအုပ်ချုပ်ရေးမူဝါဒနှင့် တည်ဆောက်ထားပုံသည် ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေးဆင့်ကဲဖြစ်စဉ်တို့၏လွှမ်းမိုးမှုခံရကြောင်း ထင်ရှားပါသည်။ ၁၉၄၈-၆၂ ဖွဲ့စည်းပုံ အခြေခံဥပဒေမှအစပြု၍ ရာနှုန်း ပြည့်ဗဟိုချုပ်ကိုင်မှုစနစ်ကို အခြေခံထားသည့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှတစ်ဆင့် ၂၀၁၉ အထိတစ်လျောက်လုံး မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဖွဲ့စည်းတည်ဆောက်ပုံသည် စနစ်စက်ဝန်းတစ်ခုလုံး တစ်ပတ်အပြည့် မကြုံသေးသော်လည်း ပြည့်လုနီးဖြစ်ပါသည်။ ဗဟိုချုပ်ကိုင်မှုကိုအလေးပေးထားသည့် လွတ်လပ်ရေးရကာစ ကနဦး ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်တွင် ပြည်နယ်သုံးခုပါဝင်ခဲ့ပါသည်။ မရှေးမနှောင်းပင် ပို၍အဆင့်မြင့်မားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် တိုင်းရင်းသားလူနည်းစုတို့၏ မျှော်လင့်ချက်များသည် နိုင်ငံတော်ပြိုကွဲမည်ကိုစိုးရိမ်ကြောက်ရွံ့ခြင်း များနှင့် ကွဲလွဲဆန့်ကျင်နေသောကြောင့် ဆန်းသစ်စဖက်ဒရယ်စနစ်သည် အားနည်းမှေးမိန်ခဲ့ပါသည်။ ထို့ကြောင့် ပြည်တွင်း ပဋိပက္ခများ ပိုမိုများပြားလာမှုနှင့် ဗဟိုချုပ်ကိုင်မှုအပေါ်အခြေခံသည့်တပ်မတော်အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်ရန် အစပျ ိုး ခဲ့ပါသည်။ တပ်မတော်အုပ်ချုပ်ရေးစနစ်ဖြင့် နှစ် (၅၀) ကျော်ကြာအုပ်ချုပ်ပြီးနောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို 2 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အဓိကအခြေပြု၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဆင့်ကို သတ်မှတ်ခဲ့ပါသည်။ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခုတို့ကို သတ်မှတ်ခြင်းဖြင့် တိုင်းရင်းသားများနှင့် ဒေသခံများအား ကိုယ်စားပြုသည့် နိုင်ငံရေး လုပ်ပိုင်ခွင့်များကို ဖန်တီးပေးခဲ့ပါသည်။ သို့သော် တရားဝင်အာဏာအများစုကို ဗဟိုမှချုပ်ကိုင်သည့်ပုံစံဖြင့် တည်ဆောက်ထားပါသည်။ ဤကဲ့သို့ ဗဟိုအစိုးရက အောက်ခြေသို့ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းရန် လျင်မြန်စွာဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေကို ယေဘုယျအားဖြင့် ပဋိပက္ခဒဏ်များ ခံစားနေရသည့် နိုင်ငံများတွင် တွေ့ရှိရပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်များအတွက် ခွဲဝေပေးသောအာဏာများသည် လွတ်လပ်ရေးရကာစ ပြည်နယ်များသို့ခွဲဝေ ပေးခဲ့သော လုပ်ပိုင်ခွင့်အာဏာများထက် အတော်အတန်နည်းပါးပြီး ဒေသတွင်းအခြားနိုင်ငံများနှင့် နင်းယှဉ်ပါကလည်း လုပ်ပိုင်ခွင့်နယ်ပယ် ပို၍ကျဉ်းမြောင်းကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်ရေးရပြီး (၁၀) နှစ်ခွဲကာလနှင့် မတူသောအချက်မှာ ပြည်ထောင်စုအစိုးရသည် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးကို အပြည့်အဝထိန်းချုပ်ထားပါသည်။ အစိုးရဌာနများအားစီမံ ခန့်ခွဲမှုကို ပြည်ထောင်စုအစိုးရက အပြည့်အဝချုပ်ကိုင်ထားကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်အစိုးရများအား ဗြူရိုက ရေစီအုပ်ချုပ်မှုယန္တရားနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်းမရှိပါ။ ဝန်ထမ်းခန့်အပ်ခြင်း၊ နေရာချထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း စသည့် လုပ်ငန်းများအတွက် ဖက်ဒရယ်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသည့်စနစ်များနှင့် ကွဲပြားခြားနားပါသည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာသတ်မှတ်ချက်များ၏ ချ ိတ်ဆက်မှုကွန်ယက်ဖြင့် လက်ရှိအာဏာအများစုကို ပြည်ထောင်စုအစိုးရထံတွင်သာ အပ်နှင်းထားပါသည်။ အထူးသဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ အုပ်ချုပ်ရေးရုံးအကြီးအကဲဖြစ်သော ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတကခန့်အပ်ပြီး ၎င်းက သမ္မတကို တာဝန်ခံရပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီရင်ပိုင်ခွင့်အများစုသည် ပြည်ထောင်စုအစိုးရ၏ စီရင်ပိုင် ခွင့်များကဲ့သို့ တည်ရှိနေပြီး ဘဏ္ဍာငွေသုံးစွဲမှု ဆိုင်ရာတာဝန်များကို အများအားဖြင့် ခွဲဝေဆောင်ရွက်ကြပါသည်။ ၎င်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်ထောင်စုအဆင့်ကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်စီမံအုပ်ချုပ်ရေးကဏ္ဍတွင်လည်း တပ်မတော်၏ အခန်းကဏ္ဍဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါရှိပါသည်။ ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးကို အားကောင်းစေရန် ဆောင်ရွက်သည့် အဓိကအဖွဲ့အစည်းဖြစ်ပါသည်။ အဆိုပါ ကော်မရှင်သည် ပြည်ထောင်စု ဘတ်ဂျက်နှင့် လိုက်လျောညီထွေမှုရှိစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ဘတ်ဂျက်များကို စိစစ်ပါသည်။ ထိုသို့စိစစ်ပြီးပါက ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်အရအသုံးခန့်မှန်းခြေငွေစာရင်း ဥပဒေမူကြမ်းကို အဆိုတင်သွင်း နိုင်သည်။ ဤသို့အဆိုတင်သွင်းခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အသုံးစရိတ်များနှင့်ပတ်သက်၍ ဘဏ္ဍာရေး ဆိုင်ရာလုပ်ပိုင်ခွင့် ဗီတိုအာဏာကို ပြည်ထောင်စုအစိုးရထံတွင် အပ်နှင်းထားကြောင်း တွေ့မြင်နိုင်ပါသည်။ အဆိုပါ ဗီတို အာဏာသည် စည်ပင်သာယာရေးဆိုင်ရာအသုံးစရိတ်များအပေါ်တွင်လည်း သက်ရောက်မှုရှိပါသည်။ စည်ပင်သာယာရေး ဘတ်ဂျက်သည်သာလျှင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရဘတ်ဂျက်တွင် ရာနှုန်းပြည့်ပါဝင်သည့်ကဏ္ဍဖြစ်ပြီး တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရများသို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေထားသည့် တစ်ခုတည်းသော ဌာနအဖွဲ့အစည်းဖြစ်ပါသည်။ ဘဏ္ဍာရေး ကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်ထောင်စု၏ ထောက်ပံ့ငွေ၏ပမာဏနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အကြား ဘဏ္ဍာငွေခွဲဝေမှုတို့ကို အတည်ပြုသတ်မှတ်ပေးရပါသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၏ လုပ်ငန်းညှိနင်းရေးနှင့် ကြီးကြပ်ရေးဆိုင်ရာကိစ�ရပ်များတွင် ရှင်းလင်းမှု မရှိသော လုပ်ပိုင်ခွင့်များ၊ တာဝန်ခံမှုများကြောင့် အဟန့်အတားများရှိပါသည်။ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာတာဝန်များဒွန်တွဲ နေသောအခြေအနေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အသေးစိတ်သတ်မှတ်ထားသည့်လုပ်ငန်းစဉ်များအတွက် ရှင်း လင်းတိကျသောတာဝန်များကို သတ်မှတ်နိုင်ခြင်းမရှိပါ။ တိုင်းဒေသကြီး/ပြည်နယ်များသည် မိမိတို့ကိုယ်တိုင် မူဝါဒများကို ရေးဆွဲ အကောင်အထည်ဖော်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံရေးအဖွဲ့အစည်းများမဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်မှုအာဏာအောက်တွင်ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာလမ်းကြောင်းများသည် နိုင်ငံ့ဝန်ထမ်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဘတ်ဂျက်အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်သတ်မှုများသည် ဝန်ထမ်းများ၏တာဝန်ခံမှုကို ပိုမို၍မှေးမှိန်လာစေသော အကြောင်း အရင်းတစ်ခုဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား (၂) အရ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် လုပ်ငန်းတာဝန်များကို 3 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ထမ်းဆောင်ကြသော ဌာနအဖွဲ့အစည်းများရှိဝန်ထမ်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးနှင့် ပြည် ထောင်စု ဝန်ကြီးနှစ်ဦးစလုံးကို ဒွန်တွဲ၍ တာဝန်ခံကြရသည်။ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇယား (၁) အရ ပြည် ထောင်စုအဆင့်လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြသော ဌာနအဖွဲ့အစည်းများသည် ၎င်းတို့၏ ပြည်ထောင်စုဝန်ကြီးကိုသာ တာဝန်ခံကြရသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၌ စိစစ်ထိန်းကျောင်းမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အဆင့် စီမံအုပ်ချုပ်ရေး ပိုင်းမှ ကြုံတွေ့ရသည့် ဟန့်ထားမှုများနှင့် စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အဓိကနမူနာတစ်ခုဖြစ်ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် အုပ်ချုပ်ရေးယန္တရားအဆင့်တိုင်း (တိုင်း ဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးရွာအုပ်စု) နှင့် နိုင်ငံ၏နေရာဒေသအနှံ့ရှိသည့် ဌာနတစ်ခု ဖြစ်ပါသည်။ မြန်မာ နိုင်ငံတစ်ဝှမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဒေသန္တရအစိုးရ၏လုပ်ငန်းများ ပေါင်းစပ်ညှိနင်းဆောင်ရွက်ခြင်း၊ စုစည်းခြင်းနှင့် စောင့်ကြည့်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အဓိကတာဝန်ယူရသည့် ဌာနတစ်ခု ဖြစ်ပါသည်။ သို့သော် မြို့နယ်အဆင့်၌ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံ တင်ပြမှုစနစ် (သို့မဟုတ်) ဆန်းစစ်အကဲဖြတ်မှုစနစ်၊ သတင်းအချက်အလက်များ စီမံခန့်ခွဲသည့်စနစ်တို့ကို စည်းမျဉ်းများဖြင့် စနစ်တကျသတ်မှတ်ထားခြင်း မရှိပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ရုံး၏ စီမံခန့်ခွဲရေးအတွက် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းအကြီးအကဲကို အတွင်းရေးမှူးအဖြစ် သတ်မှတ်ထားပါသည်။ အဆိုပါအတွင်းရေးမှူးသည် အစိုးရအဖွဲ့တွင် ပါဝင်သည့် တစ်ခုတည်းသော နိုင်ငံ့ဝန်ထမ်းရာထူးနေရာ ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အခရာဖြစ်သည့် ဌာနတစ်ခုဖြစ်သော်လည်း ဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်အစိုးရက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပေါ် စီမံအုပ်ချုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ပြဋ္ဌာန်းချက် မရှိပါ။ တစ်နည်းအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ၎င်း၏ ပြည်ထောင်စုဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းဝန်ကြီးဌာနကိုသာ တာဝန်ခံပါသည်။ လတ်တလော၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တပ်မတော်ပိုင်းဆိုင်ရာအုပ်ချုပ်သည့် ဝန်ကြီးဌာနမှ အရပ်သားအုပ်ချုပ်သည့် ဝန်ကြီးဌာန သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သော်လည်း မိခင်ဝန်ကြီးဌာနကို တာဝန်ခံရသည့်အခြေအနေမှာ ပြောင်းလဲမှုမရှိသေးပါ။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုင်ရာ “လုပ်ငန်းတာဝန်များသတ်မှတ်ပြီးပါက ဘဏ္ဍာငွေပါသတ်မှတ်ပေးခြင်း” ဟူသည့် စံ သတ် မှတ်ချက်သည် မြန်မာနိုင်ငံတွင် ပြောင်းပြန်ဖြစ်ပေါ်နေပါသည်။ များသောအားဖြင့် အသုံးစရိတ်ပိုင်းဆိုင်ရာတာဝန်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာအများစုကို ပြည်ထောင်စုဌာနအဖွဲ့အစည်းများနှင့် အတူ ဒွန်တွဲထားသောကြောင့် လက်တွေ့၌ တိုင်းဒေသကြီး/ပြည်နယ်အဆင့်သို့ နိုင်ငံ့ဝန်ထမ်းဆိုင်ရာတာဝန်များနှင့် လုပ်ငန်းစဉ် များအတွက် ရန်ပုံငွေခွဲဝေသတ်မှတ်ပေးထားခြင်း မရှိပါ။ သို့ဖြစ်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် အုပ်ချုပ်ရေး ယန္တရားတွင် သီးသန့်လုပ်ပိုင်ခွင့် မရှိသော အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းများ သတ်မှတ်ပြီးနောက် ဘဏ္ဍာငွေပါ တစ်ပါတည်း သတ်မှတ်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ပါ။ လျာထားသော လုပ်ငန်းစဉ်များအတွက် အသုံးစရိတ်ကို စနစ်တကျမဟုတ်ဘဲ အခြေအနေပေါ်မူတည်၍ သတ်မှတ်သည့်စနစ်ဖြင့် ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ မြို့ပြနေရာများရှိ စည်ပင်သာယာရေးအဖွဲ့များသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအား လုပ်ပိုင်ခွင့် အပြည့်အဝအပ်နှံထားသည့် တစ်ခုတည်းသောဌာနအဖွဲ့အစည်း ဖြစ်ပါသည်။ စည်ပင်သာယာရေးပိုင်လုပ်ခွင့်များတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့၏ အကြီးဆုံးမြို့ကြီးများနှင့် ၎င်းတို့ထက် ပို၍သေးငယ်သော မြို့များ ပါဝင်ပါသည်။ တိုင်း ဒေသကြီး/ပြည်နယ် အစိုးရများက အဆိုပါမြို့များ၏ စည်ပင်သာယာရေးအဖွဲ့များအတွက် ဝန်ထမ်းများခန့်အပ်ခြင်း၊ ဝန်ထမ်းသစ်များရွေးချယ်ခြင်းတို့ကို ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသည့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းများနှင့်အညီ တာဝန်ယူဆောင်ရွက်ခွင့်ရှိပါသည်။ မြို့တော်စည်ပင်သာယာအုပ်ချုပ်ရေးသည် နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို ပြည်ထောင်စု၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ရသော်လည်း နေ့စဉ်လုပ်ငန်းများနှင့် ပတ်သက်၍ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့် ရှိသောကြောင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအား စည်ပင်သာယာရေးကိစ္စများအတွက် တာဝန်အပ်နှင်းခြင်းသည် ဒေသန္တရအဆင့် စီမံအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုအတွက် အရေးကြီးပါသည်။ 4 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ပြည်သူ့ဘဏ္ဍာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ ပုံမှန်အားဖြင့် ညင်သာစွာ တိုးတက်လျက်ရှိပါသည်။ အမျ ိုးသားဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုကာလတွင် ပြည်သူ့ဘဏ္ဍာရေးနှင့် ပတ်သက်၍ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရများ၏ နိုင်ငံတော်အဆင့်၌ တိုက်တွန်းနိုင်စွမ်းအား ပိုမိုတိုးတက်လာပါသည်။ စည်ပင်သာယာ အုပ်ချုပ်ရေးတွင် အများပြည်သူပါဝင်မှု၊ ထိန်းကျောင်းမှုများနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အဓိကအောင်မြင်မှုတစ်ခု ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပိုမိုခိုင်မာအားကောင်းလာပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာအား တာဝန်ခံစေရာတွင်လည်းကောင်း၊ လုပ်ငန်းညှိနင်း ဆောင်ရွက်ရာတွင်လည်းကောင်း ၎င်းတို့၏အခန်းကဏ္ဍ ပိုမိုမြင့်မားလာပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများတွင် ဘက်စုံပါဝင်လာစေရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုမိုရှိစေရန် ဆောင်ရွက်ထားကြကြောင်း တွေ့ရှိရပါ သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေသည့် အခွင့်အလမ်းများရှိပါသည်။ ပြည် ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လုပ်ပိုင်ခွင့်ပေးထားသော ပြဋ္ဌာန်းချက်များနှင့် အခြားဥပဒေများကို အခြေခံလျက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအတွက် အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့်တို့ကို သတ်မှတ်ပါသည်။ ဥပဒေ ရေးရာနှင့် အခြားသောအုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်များမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအား ပြည်ထောင်စုအစိုးရက တာဝန်ခွဲဝေပေးအပ်သည့် သာဓကများစွာလည်း ရှိပါသည်။ သို့သော် အဆိုပါ တာဝန်လွှဲပြောင်းမှု တို့သည် အနည်းငယ်သာဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ၎င်းတို့၏ စီရင်ပိုင်ခွင့်အတွင်းရှိ ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို “စစ်ဆေး၊ ကြီးကြပ်၊ ညှိနင်းဆောင် ရွက်နိုင်သည်” ဟု ပြဋ္ဌာန်းထားပါသည်။ သို့သော်လည်း ဤပြဋ္ဌာန်းချက်ကို ထိရောက်စွာ အသုံးပြုခြင်းမရှိသေးပါ။ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခြင်းကို အများက အားပေးထောက်ခံကြကြောင်း စစ်တမ်းများတွင် ဖော်ပြထားပါသည်။ သို့သော် အစိုးရအလွှာများအကြား လုပ်ပိုင် ခွင့်၊ လုပ်ငန်းတာဝန်ခွဲဝေမှုနှင့်ပတ်သက်၍ ပြည်သူများက ရှင်းလင်းစ�ာမသိရှိကပါ။ ဤပြည်သ့ူ ရေးရာအသုး ံ သပ်ချက်အစီရင်ခစ ံ စရိတ် လေ့လာသုး ု း ံ ာ၌ တိင ု ရနှင့် ဌာနအဖွ့ဲ ် ဒေသကြီး/ပြည်နယ်အစိး ု မ အစည်းများ ခိင ် ာအားကောင်းလာစေရန်အတွက် အကြံပြုတင်ပြချက်များ အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် လက်ရှိဝန်ထမ်းစီမံခန့်ခွဲမှုတွင် အစိုးရအနေဖြင့် အောက်ပါအတိုင်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ အဆင့်ဆင့်တာဝန်ခံစေသည့် နည်း • တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ၏ အကြီးတန်းအစိုးရဝန်ထမ်း လမ်းများ သတ်မှတ်လျက် (အချ ို့ များ နေရာချထားခြင်းနှင့် စွမ်းဆောင်ရည်အကဲဖြတ်ရာတွင် တိုင်းဒေသကြီး/ပြည်နယ် အစီရင်ခံတင်ပြရခြင်းများပါဝင်) အစိုးရအဖွဲ့ဝင်များအနက်မှ သင့်လျော်သည့်ပုဂ္ဂိုလ်များကိုလည်း ပါဝင်ဆောင်ရွက်စေ စနစ်တကျ ဖြစ်စေခြင်းဖြင့် တိုင်း နိုင်ပါသည်။ (အထွေထွေအုပ်ချုပ်ရေးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် အတွင်းရေးမှူး နေရာချထားခြင်းနှင့် စွမ်းဆောင်ရည်အကဲဖြတ်ခြင်းအတွက် ဝန်ကြီးချုပ် ညိနင်းဆောင်ရွက်မှုနှင့် တိုင်းဒေသ က ပါဝင်ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂ ပါ ဌာနများ၏ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရများ၏ ကြီး/ပြည်နယ် အဆင့်ညန်ကြားရေးမှူးများ နေရာချထားခြင်းနှင့် စွမ်းဆောင်ရည် ကြီးကြပ်မှုကို ပိုမိုကောင်းမွန်စွာ အကဲဖြတ်ခြင်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သက်ဆိုင်ရာဝန်ကြီးများက ဆောင်ရွက်ခြင်း။ ပါဝင်ဆောင်ရွက်ခြင်း) • အလားတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအား မြို့နယ်ဌာန အရာရှိများ၏လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်သည့် အခန်း ကဏ္ဍတွင် ပါဝင်စေခြင်း၊ ထိုသို့ မိခင်ဌာနနှင့်အပြိုင် အစီရင်ခံမှုပုံစံရှိခြင်းသည် ပြည်ထောင်စုဝန်ကြီးဌာနများမှ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးဌာန များသို့ သတင်းအချက်အလက်စီးဆင်းလည်ပတ်မှု ကို ပိုမိုစနစ်ကျစေမည် ဖြစ်ပါသည်။ (ဥပမာ လုပ်ငန်းစွမ်းဆောင်မှု၊ ဘဏ္ဍာငွေပံ့ပိုးမှုနှင့် ဝန်ထမ်း ခန့်အပ်မှုဆိုင်ရာ သတင်းအချက်အလက်များ) ထိုသို့သောဆောင်ရွက်မှုသည် ပိုမို၍ ဒီမိုကရေစီနှင့်အညီတာဝန်ခံမှု၊ ကြီးကြပ်မှုတို့ကို မြှင့်တင်ပေးပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်မှုတွင် အထောက် အပံ့ဖြစ်စေမည်ဖြစ်ပါသည်။ 5 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများ၏ သတင်းအချက်အလက်များကို တိုင်းဒေသကြီးနှင့် များ၏ကြီးကြပ်နိုင်မှု ပို၍ကောင်းမွန် ပြည်နယ်အဆင့်အကြီးအကဲများနှင့် ဒေါင်လိုက်မျှဝေမှုပြုခြင်းကို ဆောင်ရွက်နိုင်ပါသည်။ လာစေရန် သတင်းအချက်အလက် သတင်းအချက်အလက် ဖလှယ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ ချမှတ်ကျင့်သုံးခြင်းနှင့် ဖလှယ်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင် လုပ်ငန်းစွမ်းဆောင်နိုင်ရည်အား ပုံမှန်ဆန်းစစ်မှုပြုလုပ်ခြင်းသည် တိုင်းဒေသကြီး၊ ပြည်နယ် ရည်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး အစိုးရများအတွက် နိုင်ငံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ပိုင်ခွင့်ကို အကောင် လုပ်နည်းများကို ချမှတ်ခြင်း။ အထည်ဖော်ရာတွင် အထောက်အပံ့ဖြစ်စေပါသည်။ မူဝါဒချမှတ်ခြင်းကို ပြည်ထောင်စုက လူစွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်အချ ို့ကို ဒေသန္တရအဆင့်မှ ဆောင်ရွက်နိုင် ဆက်လက်ဆောင်ရွက်၍ နေ့စဉ် ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း ပြောင်းရွှေ့နေရာချထားခြင်း၊ စည်းကမ်း ဆောင်ရွက်ရသည့် လူ့စွမ်းအားအရင်း ထိန်းသိမ်းခြင်းနှင့် စွမ်းဆောင်မှုအကဲဖြတ်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်း၊ လုပ်ငန်း အမြစ်ဆိုင်ရာ လုပ်ငန်းများကို တိုင်း စွမ်းဆောင်ရည်အပေါ် မူတည်၍ ဆုပေးဒဏ်ပေးဆောင်ရွက်ခြင်း၊ နည်းပညာသတ်မှတ်ချက် ဒေသကြီး/ပြည်နယ်အဆင့်သို့ များဖော်ထုတ်ခြင်း၊ ပြန်တမ်းဝင်အဆင့်မဟုတ်သည့် ဝန်ထမ်းများကို ခန့်အပ်ခြင်း၊ နေရာချ လုပ်ပိုင်ခွင့်ပေးခြင်း။ ထားခြင်းတို့ ပါဝင်နိုင်ပါသည်။ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ဥပမာ စွန့်ပစ်အမက်စီမံခန့်ခွဲခြင်းနှင့်သက်ဆိုင်သည့် ကြီးကြပ်မှုတာဝန်များကို အသစ် ၌ ဒီမိုကရေစီနည်းလမ်းဖြင့် ရွေး ရွေးကောက်တင်မြှောက်ထားသော ဒုတိယမြို့တော်ဝန်ထံ ခွဲဝေသတ်မှတ်ပေးနိုင်ပါသည်။ ကောက်တင်မြှောက်ခံရသော အမှု မြို့ကြီးများရှိ အဓိကဝန်ဆောင်မှုလုပ်ငန်း တာဝန်များအတွက် လုပ်ပိုင်ခွင့်နှင့်တာဝန်ခံမှု ဆောင်ကော်မတီဝင်များ၏ အခွင့် ကို အပြန်အလှန်ချ ိန်ညှိပေးပြီး ရွေးကောက်ခံမဟုတ်သည့်ရာထူးများ၌သာ လုပ်ပိုင်ခွင့် အာဏာနှင့်အခန်းကဏ္ဍကို မြှင့်တင် အများစုရှိသော အခြေအနေမျ ိုးမှ ပြောင်းလဲသွားစေနိုင်မည်ဖြစ်ပါသည်။ ခြင်းဖြင့် စည်ပင်သာယာရေးအုပ် ချုပ်မှုတွင် ပြည်သူ့ထံတာဝန်ခံမှုကို အားကောင်းစေခြင်း။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ လိုအပ်သောနည်းပညာကျွမ်းကျင်သူများရှာဖွေခန့်အပ်ရာတွင် လုပ်သာကိုင်သာ ရှိစေသင့် ဌာနများ၏ စွမ်းဆောင်ရည်နှင့် ပါသည်။ ယေဘုယျအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၌ နိုင်ငံရေးနယ်ပယ်နှင့် အားလုံး ပါဝင်စေမှုကို အားကောင်း အစိုးရဌာနများတွင် အမျ ိုးသမီးများပါဝင်မှု မြှင့်တင်သည့်နည်းလမ်းများ၊ ဝေးလံခေါင်သီ လာစေခြင်း။ သည့် ဒေသများတွင် ကျွမ်းကျင်မှုလိုအပ်ချက်ကို ဦးစား ပေးရန်မလိုသည့် အလုပ်အကိုင် နေရာများအတွက် ဒေသခံလုပ်သားများကို ခန့်အပ်၍ လုပ်ငန်းများဆောင်ရွက်နိုင်ပါသည်။ ပုံမှန်တွေ့ဆုံရသည့် တိုင်းဒေသကြီး ဤအဆိုပြုချက်သည် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများ အချင်းချင်းကြား သတင်း နှင့် ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ စီးဆင်းမှုနှင့် ဆန်းသစ်တီထွင်မှု ပိုမိုကောင်းမွန်စေသည့် အလားအလာကို ဖန်တီးပေးနိုင်ပါ ဆွေးနွေးပွဲတစ်ခု စီစဉ် သည်။ ၎င်းကို အခရာကျသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ တစ်ရပ်ကလည်း ဆောင်ရွက်ခြင်း။ ကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက လည်းကောင်း တာဝန်ခံဆောင်ရွက်နိုင် ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် ငွေလုံးငွေရင်းအသုံးစရိတ်များ ခွဲဝေသုံးစွဲရာတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါက ပြည်သူ့ရင်းနှီးမြုပ်နှံမှုကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘတ်ဂျက်များ ထူထောင်ထားရှိစဉ်ကစ၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေလွှဲပြောင်း ထောက်ပံ့ငွေများကြောင့် စုစုပေါင်းအစိုးရအားလုံး၏အသုံးစရိတ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အသုံးစရိတ် များပါဝင်မှုရာခိုင်နှုန်းမှာ ကြီးကြီးမားမား မြင့်တက်လာခဲ့ပါသည်။ လတ်တလောကာလများတွင်မူ ၎င်းမြင့်တက် နှုန်းမှာ ဖြည်းဖြည်းမှန်မှန်သာ ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ စုစုပေါင်းဘတ်ဂျက်အသုံးစရိတ်သည် ကျပ် ၈၆၄ ဘီလီယံမှ ၂၄၄၅ ဘီလီယံအထိ သုံးဆနီးပါး မြင့်တက်ခဲ့ပါသည်။ တစ်နည်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘတ်ဂျက်အသုံးစရိတ်သည် နိုင်ငံ့ စုစုပေါင်းကုန်စည်နှင့် ဝန်ဆောင်မှုများထုတ်လုပ်မှုတန်ဖိုး (ဂျ ီဒီပီ) ၏ ၁.၇ ရာခိုင်နှုန်း မှ ၃.၁ ရာခိုင်နှုန်း မြင့်တက်လာ ခြင်းဖြစ်ပါသည်။ ဤသို့မြင့်တက်လာမှုသည် အဓိကအားဖြင့် အစောပိုင်းနှစ်များဖြစ်ကြသော ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ 6 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ခုနှစ်ကြားတွင်ဖြစ်ခဲ့ပြီး အသုံးစရိတ်များနှင့် ဘတ်ဂျက်များကို ဗဟိုချုပ်ကိုင်မှုလျှော့ချလာခဲ့သည့် မူဝါဒ ဆောင်ရွက်ချက် များကို ထင်ဟပ်စေပါသည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ဘတ်ဂျက်အသုံး စရိတ်များ ဖြည်းဖြည်းမှန်မှန်သာ မြင့်တက်လာခြင်းသည် နှစ်လတ်ဘဏ္ဍာရေးမူဘောင်အရ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဘဏ္ဍာငွေလွှဲပြောင်းထောက်ပံ့ရာတွင် စည်းမျဉ်းအခြေပြုနည်းလမ်းကို ပြောင်းလဲလိုက်ခြင်း၊ ပြည်ထောင် စုအစိုးရအဆင့်တွင် ဘဏ္ဍာငွေ အကန့်အသတ်များရှိခြင်းနှင့်လိုက်လျောညီထွေစွာ ဖြစ်ပေါ်ခဲ့ပါသည်။ တိုင်းဒေသကြီး၊ ပြည် နယ်များသို့ ဘဏ္ဍာငွေ လွှဲပြောင်းထောက်ပံ့မှုများသည် ပြည်ထောင်စုဘတ်ဂျက်၏ ပမာဏ အတော်များများနှင့်ညီမျှကာ (၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၉ ရာခိုင်နှုန်းခန့်ဟု ခန့်မှန်း) ၎င်းပမာဏသည် ပြည်ထောင်စုဘတ်ဂျက်မှ ပညာရေးကဏ္ဍ အတွက်ကျခံသုံးစွဲသော အသုံးစရိတ်ဝေစုဝန်းကျင်ခဲ့ဖြစ်ပြီး၊ ကျန်းမာရေးနှင့် စိုက်ပျ ိုးရေးကဏ္ဍတို့အတွက် ကျခံသုံးစွဲသည့် ပမာဏထက် ပိုမိုပါသည်။ ခြုံငုံ၍ဆိုရလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘတ်ဂျက် အသုံးစရိတ်များမှာ နည်းပါး နေဆဲဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘတ်ဂျက်မှ လူတစ်ဦးကျ အသုံးစရိတ်သည် ရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်တွင် ကျပ် ၅၆,၀၀၀ (၄၃ ဒေါ်လာ) ခန့်၊ ရှမ်းပြည်နယ် ဘတ်ဂျက်တွင် ကျပ် ၄၃,၀၀၀ (၂၉ ဒေါ်လာ) ခန့်နှင့် မန္တလေးတိုင်းဒေသကြီးဘတ်ဂျက်တွင် ကျပ် ၃၇,၀၀၀ (၂၅ ဒေါ်လာ) ခန့် ဖြစ်ပါသည်။ အစိုးရတစ်ရပ်လုံး၏ ငွေလုံးငွေရင်းအသုံးစရိတ် မြင့်တက်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်များအဆင့်၌ ၎င်းငွေလုံးငွေရင်း အသုံးစရိတ်သုံးစွဲမှု မြင့်မားလာခြင်းက ယေဘုယျအားဖြင့် အရေးပါပါသည်။ အစိုးရအလွှာအားလုံးတွင် အခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကသုံးစွဲသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဘတ်ဂျက်တွင် ငွေလုံးငွေရင်းအသုံးစရိတ် မြင့်တက်လာခြင်းမှာ ထင်ရှားပါသည်။ ဆယ်စုနှစ်များစွာ နိုင်ငံပိုင်အခန်းကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု များ နိမ့်ကျနေခဲ့သည့်အနေအထားတွင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ က အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပဓာနကျပါသည်။ ဆယ်စုနှစ်များချ ီ၍ ရင်းနှီးမြှုပ်နှံမှုအားနည်းခဲ့ခြင်းက စီးပွား ရေးစနစ်အတွင်း ထုတ်လုပ်မှုနှင့် စွမ်းဆောင်နိုင်ရည်တို့ကို အကန့်အသတ်ဖြစ်စေခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ဘတ်ဂျက်မှ ငွေလုံးငွေရင်းအသုံးစရိတ်မှာ ၂၀၁၂/၂၀၁၃ မှ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျပ် သန်း ပေါင်း ၂၈၀ မီလီယံ မှ ကျပ် ၁.၄ ထရီလီယံသို့ ၆ ဆခန့် မြင့်တက်လာခဲ့ပါသည် (အစိုးရ တစ်ရပ်လုံး၏ ငွေလုံးငွေရင်း အသုံး စရိတ်၏ ၆ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိ)။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ ဘတ်ဂျက်များအားလုံး၏ စုစုပေါင်းအသုံးစရိတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ပါဝင်မှုမှာ သိသိသာသာ မြင့်တက်လာခဲ့ပါ သည်။ မြန်မာနိုင်ငံ၌ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေကြပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားများဖြစ်သည့် မြို့ပြနေရာများရှိ ကူညီထောက်ပံ့ရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်သည် အဓိကကျသည့်နှင့် အလားတူပင် ကျေးလက်ဒေသရှိ လျှပ်စစ်မီး၊ ရေနှင့် လမ်းပန်းဆက်သွယ်ရေးကဲ့သို့သော အခြေခံအဆောက်အဦ ချ ို့တဲ့မှုများကို ဖြေရှင်းကျော်လွှားခြင်းဖြင့် တိုးတက်ဖြစ် ထွန်းမှု၏ အကျ ိုးကျေးဇူးများကို ဘက်ညီမျှတစွာရရှိစေရေးတွင်လည်း ငွေလုံးငွေရင်းအသုံးစရိတ်သည် အရေးပါလှပါသည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အသုံးစရိတ်ပြန်လည်သုံးသပ်မှုလုပ်ငန်းစဉ်တွင် မှတ်ချက်ပြုထား သကဲ့သို့ပင် ငွေလုံးငွေရင်းအသုံးစရိတ်များမှ ပြန်ရချက်မြင့်မြင့်မားမားရှိစေရေးသည် အမြင့်ဆုံးလူမှုဘဝနှင့် စီးပွားရေးဆိုင်ရာ ရလဒ်များနှင့်ကိုက်ညီ၍ ဒေသအလိုက်နှင့် ကဏ္ဍအလိုက် ရင်းနှီးမြုပ်နှံမှုများခွဲဝေသုံးစွဲနိုင်မှုအပေါ်တွင် မူတည်နေပါသည်။ ဤသို့ဆောင်ရွက်နိုင်ရေးသည် ခိုင်မာအားကောင်းသော ပြည်သူ့ရေးရာရင်းနှီးမြုပ်နှံမှုစီမံခန့်ခွဲသည့်စနစ်များနှင့် စွမ်းဆောင် ရည် ပြည့်ဝစေသောလုပ်ငန်းစဉ်များကိုလည်း လိုအပ်မည်ဖြစ်ပါသည်။ အကန့်အသတ်ရှိသောဘဏ္ဍာငွေရင်းမြစ်များသုံးစွဲနိုင်မှုအတွင်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များသည် ဖွံ့ဖြိုးမှုမောင်းနှင်အားဖြစ်သောဒေသများတွင် ရင်းနှီးမြုပ်နှံသလို ပိုမိုဆင်းရဲနွမ်းပါးသော နေရာဒေသများတွင် အားလုံးပါဝင်စေနိုင်သော တိုးတက်မှုကိုမြှင့်တင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှုလိုအပ်ချက်များနှင့် ချ ိန်ညှိ၍ သုံးစွဲရန်လိုအပ် မည်ဖြစ်ပါသည်။ အစိုးရနှစ်လွှာစလုံး၏ ငွေလုံးငွေရင်းရင်းနှီးမြုပ်နှံမှုများထဲမှ ရန်ကုန်တိုင်းဒေသကြီးအတွက် အများဆုံးသုံးစွဲ ပါသည်။ ၂၀၁၈/၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဘတ်ဂျက်မှ ငွေလုံး ငွေရင်းအသုံးစရိတ်များအားလုံး၏ ၂၄ ရာခိုင်နှုန်းကို ရန်ကုန်တိုင်းဒေသကြီးအတွက် သုံးစွဲပါသည်။ အစိုးရနှစ်လွှာမှ ရန်ကုန် တိုင်းဒေသကြီးအတွင်း လူတစ်ဦးကျ ငွေလုံးငွေရင်းအသုံးစရိတ်သည် ကျပ် ၁၉၇,၀၀၀ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ လူတစ်ဦးကျငွေလုံးငွေရင်း အသုံးစရိတ်ထက် နှစ်ဆကျော် ပိုများပါသည် (မန္တလေးတိုင်းဒေသကြီးတွင် 7 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ၉၆,၀၀ဝ ကျပ်နှင့် ရှမ်းပြည်နယ်တွင် ၉၀,၀၀၀ ကျပ်)။ ဤအချက်က ရန်ကုန်တိုင်းဒေသကြီးသည် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များထက် ကိုယ်တိုင်ရငွေကို ရှာဖွေနိုင်သည့်စွမ်းဆောင်ရည် ပိုမိုသဖြင့် ၎င်း၏ကိုယ်ပိုင် ဘတ်ဂျက်ရငွေဖြင့် ငွေလုံး ငွေရင်း အသုံးစရိတ် ပြန်လည် သုံးစွဲနိုင်သည့် အနေအထားနှင့် တစ်စိတ်တစ်ဒေသ သက်ဆိုင်နိုင်သလို ပြည်ထောင်စုအစိုးရက လည်း ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးအလားအလာအတွက် ဦးစားပေးဆောင်ရွက်ပေးထားသည်လည်းဖြစ်နိုင်ပါသည်။ ဦးစွာတွေ့မြင်ရသည်မှာ ဌာနအလိုက် ငွေလုံးငွေရင်းအသုံးစရိတ်များက အစိုးရအလွှာ ၂ ရပ်လုံးသည် ဒေသအလိုက် မတူညီ သော လိုအပ်ချက်များနှင့်အညီ သုံးစွဲလျက်ရှိကြောင်း ညွှန်ပြပါသည်။ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတို့က မြို့ပြလမ်းများနှင့် ရေစီမံကိန်းများတွင် အလေးထားရင်းနှီးမြုပ်နှံလျက်ရှိနေသလို ၎င်းဒေသများ တွင် ပြည်ထောင်စုအစိုးရကလည်း သယ်ယူပို့ဆောင်ရေးအတွက် အလေးပေး၍ အသုံးစရိတ်များ သုံးစွဲနေခြင်းက မြို့ပြဖွံ့ဖြိုး ရေး ဆောင်ရွက်ချက်များကို ထောက်မပေးနိုင်မည်ဖြစ် ပါသည်။ ရှမ်းပြည်နယ်တွင် အစိုးရနှစ်လွှာလုံး၏ ရင်းနှီးမြုပ်နှံမှု ငွေလုံး ငွေရင်းအသုံးစရိတ်များမှာ လမ်းများနှင့် လျှပ်စစ်မီးကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံအားနည်းမှုများကိုဖြေ ရှင်းရန် သုံးစွဲခြင်းဖြစ်ပါသည်။ ရှိနေသောအချက်အလက်များကိုအသုံးပြု၍ အသုံးစရိတ်များ၏ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်မှုကို အနုလုံ ပဋိလုံအကဲဖြတ်ရန်မှာ ခဲယဉ်းပါသည်။ သိသေ ့ု ာ် အစောပိင ် သက်သေအထောက်အထားကညွှနပြ ု း ် သည်မာ ှ ငွေလုး ံ ငွေရင်းအသုး ံ စရိတမ ် ျားမှာ ထိရောက် ု အားကောင်းလာရန် လိအ မှု ပိ၍ ု ပ်နေဆဖြ ဲ စ်ပါသည်။ ဝန်ကြီးဌာနအဆင့် ဘတ်ဂျက်များနှင့် စီမက ံ န ် တစ်ခခ ိ း ု ျင်း၏ အရေအတွက် နှင့် အရွယအ် စားနှင့် ပတ်သက်သည့် သတင်းအချက်အလက်သည်ပင်လျှင် ပြည့ပြ ် ည့စ ် စံု အ ံု ကဲဖြတ်နင ုိ ရ ် န် အချက်အလက် လိအ ု ပ် ချက်ကုိ အလုအ ံ လောက် မဖြည့ဆ ် ည်းပေးနိင ် ါ။ အရေးကြီးသည့် သတင်းအချက်အလက်လအ ု ပ ုိ ပ်နေဆဲ ကိစရ ္စ ပ်များတွင် ငွေလုး ံ ငွေရင်း ဘတ်ဂျက်အမျ ိုးအစား ခွခြ ဲ ားရေးသွငး ် မှုများ၊ ဆောင်ရက ် ည့နေရ ွ မ ် ာ၊ စီမက ံ နိ း် များမှ ရရှမ ိ ည့အ ် ကျ ိုးရလဒ်များ၊ လုပင ် န်း တစ်ခလျှ ် ပ ု င် ကုဒန ံ ါတ်တစ်ခစ ီ း၍ ငွေလုး ု ပေ ံ ငွေရင်းစီမက ိ း ံ န ် များအား ဒစ်ဂျစ်တယ်စာရင်းသွငး ် ထားရှခြ ိ င်း စသည်တပ ့ုိ ါဝင်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင် နှစ်လတ်စီမံကိန်းများနှင့် တစ်နှစ်ချင်း ဘတ်ဂျက်ရေးဆွဲမှုများအကြား ချ ိတ်ဆက်မှု အားကောင်းရန်လည်း လိုအပ်ပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ဗဟိုမှစီမံကိန်းရေးဆွဲခြင်းထက် ဘတ်ဂျက်စက်ဝန်း၏ အစောပိုင်းအဆင့်များ၌ မြို့နယ်များထံမှ အဆိုပြုလွှာများခေါ်ယူခြင်းများအပါအဝင် မြို့နယ်များမှ အဆိုပြုတင်ပြစေသည့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်ကို အလေးထားလုပ်ဆောင်မှု ရှိလာပါသည်။ သို့သော် စီမံကိန်းရေးဆွဲမှုများတွင် အမိန့်ပေး စီးပွားရေးစနစ်၏ အမွေဆိုးများက ပုံဖော်ဆဲဖြစ်ကာ တိုင်းဒေသကြီး၊ ပြည်နယ်ဘတ်ဂျက်များတွင် ဘဏ္ဍာရေး ရေရှည် တည်တံ့မှုနှင့် အနာဂတ်ဘဏ္ဍာရေးဆိုင်ရာအသုံးစရိတ်ကတိကဝတ်များကို အလေးထားသည့် နှစ်လတ်ဘဏ္ဍာရေး အစီ အစဉ်များ ပြင်ဆင်နိုင်ခြင်းမရှိသေးပါ။ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်များ လျာထား၊ သုံးစွဲသည့် စက်ဝန်းတစ်လျှောက် လုံးတွင် ငွေလုံးငွေရင်းအသုံးစရိတ်များ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်းသော စိန်ခေါ်မှုများသည် ရှိနေဆဲဖြစ်ပါသည်။ စီမံကိန်း ရွေးချယ်ခြင်း၊ စီမံကိန်းအကဲဖြတ်ခြင်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဆိုပြုလွှာများအနက်မှ စနစ်တကျ ဦးစားပေးရွေးချယ်မှု အားနည်းခြင်း စသည့်ပြဿနာများ ရှိပါသည်။ အသုံးစရိတ်အရွယ်အစား သေးငယ်သော စီမံကိန်းငယ် အရေအတွက် အမြောက်အများ တင်ပြခြင်းက ဤအချက်ကို ထင်ရှားစေပါသည်။ လျာထားစဉ်ကထက် ကုန်ကျစရိတ်များ ကျော်လွန်ခြင်း နှင့် လျာထားဘတ်ဂျက်များ အပြည့်အဝမသုံးစွဲနိုင်ခြင်းများသည်လည်း သာဓကများဖြစ်ပါသည်။ အသေးစိတ်အချက်အလက် များ ရရှိနိုင်မှု အားနည်းသည့်အတွက် အစိုးရနှစ်လွှာကြား အသုံးစရိတ် ထိရောက်မှုများကို နင်းယှဉ်နိုင်ရန်နှင့် ဘဏ္ဍာရေး ဗဟိုချုပ်ကိုင်မှုလျှော့ချလိုက်ခြင်း၏ ထိရောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်စေရန် ခဲယဉ်းစေပါသည်။ ရှမ်းပြည်နယ်တွင် ပြည်နယ်ဘတ်ဂျက်မှ ငွေလုံးငွေရင်းအသုံးစရိတ်များမှာ အားနည်းသောမြို့နယ်များအတွက် ရည်ရွယ် အသုံးပြုကြောင်း အထောက်အထားမရှိပါ။ ၂၀၁၈/၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်ဘတ်ဂျက် ပဏာမ အထောက် အထားများက ညွှန်ပြသည်မှာ ပြည်နယ်ဘတ်ဂျက်မှ ငွေလုံးငွေရင်းအသုံးစရိတ်များကို မြို့နယ်များအလိုက် လူတစ်ဦးကျ အပေါ်အခြေခံကာ ညီညီမျှမျှ ခွဲဝေသုံးစွဲသည်ကို တွေ့မြင်ရပါသည်။ ဤအချက်က မြို့နယ်အများစုတွင် အနည်းဆုံး အားဖြင့် ဒေသဘတ်ဂျက်မှရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်တစ်စုံတစ်ရာ ရရှိစေရန် လူဉီးရေအပေါ်အခြေခံ၍ နည်းနည်းနှင့် ကျဲကျဲခွဲဝေ သုံးစွဲသည်ဟူသောအချက်ကို ထပ်ဆင့်ထောက်ခံပေးပါသည်။ ဆင်းရဲချ ို့တဲ့မှုပိုမိုသောမြို့နယ်များနှင့် အသုံးစရိတ်ခွဲဝေ သုံးစွဲမှုတို့ ခိုင်ခိုင်မာမာ ဆက်နွယ်မှုမရှိခြင်းက ပြည်ထောင်စုအဆင့် ငွေလုံးငွေရင်းအသုံးစရိတ်တွင်လည်း ဖြစ်ပါသည် (၂၀၁၈/ ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက် မှအသုံးစရိတ်တွင် စွမ်းအင်စီမံကိန်းကြီးများရှိသည့် မြို့နယ် ၃ ခုတွင် ထူးကဲသုံးစွဲပေးသည်တော့ရှိ)။ ရှမ်းပြည်နယ်ရှိ ရောပြွန်းနေသည့်အုပ်ချုပ်ရေးနယ်မြေများ (ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ 8 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ဒေသ ကဲ့သို့သော) တွင် အစိုးရ ၂ လွှာလုံးမှ‌ငွေလုံးငွေရင်းအသုံးစရိတ်သုံးစွဲမှုမှာ အကန့်အသတ်ဖြင့်သာ ရှိပါသည်။ စုစုပေါင်းအသုံးစရိတ်တွင် သာမန်အသုံးစရိတ်ပါဝင်မှုရာခိုင်နှုန်းလျော့ကျလာသော်လည်း ပမာဏအားဖြင့်မူ မြင့်တက်လာ ပါသည်။ လစာစရိတ် ချ ီးမြှင့်ငွေများ၊ အခြားလုပ်အားစရိတ်များနှင့် ပြင်ဆင်ထိန်းသိမ်းစရိတ်တို့မှာ တိုင်းဒေသကြီး၊ ပြည်နယ် များ၏ ဘတ်ဂျက်ပါ သာမန်အသုံးစရိတ်တွင် အဓိကပါဝင်ပါသည်။ လုပ်ခလစာကုန်ကျစရိတ်များမှာ ဘတ်ဂျက်ငွေစာရင်း များတွင် ဖော်ပြထားသည်ထက် ပိုမိုနိုင်ပြီး (ယာယီဝန်ထမ်းများ အမြောက်အများ ခန့်ထားခြင်းနှင့် ဘတ်ဂျက်ဆိုင်ရာ သတ်မှတ်ချက်များကို ရှောင်လွှဲရန်ကြိုးပမ်းမှုများကြောင့်ဖြစ်) ၎င်းအချက်က ဘဏ္ဍာရေးရေရှည်တည်တံ့မှုနှင့် အဖွဲ့အစည်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်စေမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များမှ ဝန်ထမ်းစရိတ်ကျခံသုံးစွဲရာတွင် ရေရှည်သုံးစွဲပေးနိုင်မှုနှင့် မဖြစ်မနေသုံးစွဲရမည့် ပြင်ဆင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များ စဉ်ဆက်မပြတ် ရေရှည်သုံးစွဲပေးနိုင်မှုတို့ကို အသေးစိတ်လေ့လာဆန်းစစ်မှုပြုရန် လိုအပ်မည် ဖြစ်ပါသည်။ ဝန်ထမ်းကုန်ကျ စရိတ်များ မြင့်တက်လာသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ဘတ်ဂျက်မှ ဖွံ့ဖြိုးရေး အသုံးစရိတ်များအတွက် သုံးစွဲနိုင်မည့်ဘဏ္ဍာငွေကို အကန့်အသတ်ဖြစ်လာစေနိုင်ပါသည်။ ထို့အပြင် ပြင်ဆင်ထိန်းသိမ်းရေး အသုံးစရိတ်များ တိုးတက် မှုမရှိခြင်းက အသုံးစရိတ် များခွဲဝေသုံးစွဲရာတွင် ထိရောက်မှုရှိခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်ပါသည်။ ငွေလုံးငွေရင်း ရရန်ပိုင်ခွင့်များကို လွယ်လင့်တကူ ပြင်ဆင်ထိန်းသိမ်းခြင်းမရှိလျှင်ဖြစ်စေ၊ တစ်နည်းအားဖြင့် သာမန် အသုံးစရိတ်အောက်မှ သုံးစွဲခြင်း မရှိလျှင်ဖြစ်စေ တိုင်းဒေသကြီး၊ ပြည်နယ်များ (မြို့တော်များအပါအဝင်) ၏ ဘတ်ဂျက်မှ တိုး၍ သုံးစွဲလာသည့် ငွေလုံးငွေရင်းအသုံးစရိတ်များ၊ ရရန်ပိုင်ခွင့်များမှာ နှစ်လရှည်ကြာ ရေရှည်တည်တံ့မှုရှိနိုင်မည်မဟုတ်ပါ။ မြန်မာနိုင်ငံအုပ်ချုပ်ရေးဖွဲ့စည်းတည်ဆောက်ပုံများ၏ အခင်းအကျင်းတွင် အားလုံးပါဝင်နိုင်ခွင့်သော ဘဏ္ဍာရေးအသုံးစရိတ် များသုံးစွဲမှုနှင့် ပတ်သက်သည့် မေးခွန်းများမှာ နည်းပညာထိရောက်မှုများထက် ကျော်လွန် ပတ်သက်နေပြီး၊ ရပ်ရွာလူထုထံမှ အကြံဉာဏ်များ၊ သုံးသပ်မှုများဖြင့် ပါဝင်အားဖြည့်ပေးနိုင်ခြင်း၊ သတင်းအချက်အလက်ရရှိနိုင်စေခြင်းတို့မှာလည်း အရေးကြီး ပါသည်။ ဤအချက်က (အရည်အသွေးအရလည်းကောင်း၊ ရရှိနိုင်မှုကြောင့်လည်းကောင်း) အချက်အလက်များဆိုင်ရာ လိုအပ် ချက်များနှင့် ဆက်စပ်အေခြအနေဆိုင်ရာအကြောင်း အရင်းများအား ဖြေရှင်းသည့်ကြိုးပမ်းမှုများကို ထင်ဟပ်စေပါသည်။ ဆက်စပ်အခြေအနေဆိုင်ရာအကြောင်းရင်းများသည် ရှမ်းပြည်နယ်ကဲ့သို့ ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့ သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဝန်ဆောင်မှုများပေးနိုင်သော အုပ်ချုပ်မှုရောပြွန်းနေသည့်အရပ် ဒေသများတွင် ပို၍ပင် မှန်ကန်ပါသည်။ တာဝန်ယူ၊ တာဝန်ခံမှုရှိသော၊ အားလုံးပါဝင်စေသော အစိုးရတစ်ရပ်တွင် နိုင်ငံသား တို့ကို ပါဝင်ခွင့်ပေးအပ်ခြင်းလည်း အပါအဝင်ဖြစ်ပါသည်။ ပြည်သူ့ရင်းနှီးမြုပ်နှံမှုများ၊ ဝန်ဆောင်မှုပေးခြင်းများနှင့်ပတ်သက် လာပါက ဆက်စပ်အခြေအနေအလိုက် သီးသန့်ချဉ်းကပ်နည်းများကိုလည်း လိုအပ်မည်ဖြစ်သည်။ စီးပွားရေးနှင့် လူမှုဘဝ ဖူလုံရေးတိုးတက်မှုများတွင် မညီမျှသောပြောင်းလဲမှုကြီးကြီးမားမားများသည် မကျေနပ်မှုများနှင့် မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် ဤဖြစ်နိုင်ဖွယ်တင်းမာမှုများကို လက်ခံ အသိအမှတ်ပြုရမည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘတ်ဂျက်အသုံးစရိတ်များမှတစ်ဆင့် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေရန်နှင့် ရေရှည်တည်တံ့စေရန်အတွက် အကြံပြုတင်ပြချက်များ အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် တစ်သမတ်တည်းဖြစ်သော ကာလတိုမှ ကာလလတ် - ဗဟိုအဆင့်တွင် ဘတ်ဂျက်အမျ ိုးအစားများ ခွဲခြားခြင်းအတွက် အသေးစိတ် ဘတ်ဂျက်အမျ ိုးအစားများ လမ်းညွှန်ချက်ကို ပြုစုခြင်း၊ တစ်သမတ်ထဲဖြစ်သည့် အမျ ိုးအစားခွဲခြားမှုနှင့် စာရင်းကိုင်နည်းလမ်းများ ဖြစ်အောင် စံသတ်မှတ်၍ ဖြစ်စေရန် ပြုပြင်ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ခြင်း (IPSAS စံများကို အသုံးပြုရန်ကြိုးပမ်းသည့် ပြဋ္ဌာန်းခြင်း။ လုပ်ဆောင်ချက်များ)။ ၎င်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဝန်ထမ်းများ၏ နည်းပညာ စွမ်းဆောင်နိုင်စွမ်းကို အလေးထား၍ ဖြည့်ဆည်းဆောင်ရွက်ခြင်း။ ကာလတို - သတင်းအချက်အလက်နည်းပညာစနစ်များကို အသုံးပြုခြင်း။ တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့အစည်းများက စုစည်းထားသော အချက်အလက် အမြောက်အများကို ဆန်းစစ်အကဲဖြတ်ရန် ဆောင်ရွက်ခြင်း။ ဤသို့လုပ်ဆောင် ခြင်းက အသုံးစရိတ်များအားမည်သို့ခွဲဝေသည်ကို ပိုမိုနားလည် လာနိုင်စေမည်ဖြစ်ပြီး အသုံးစရိတ်များ၏ ဘဏ္ဍာရေးဆိုင်ရာရေရှည်တည်တံ့မှုကို သိရှိနိုင်စေမည် ဖြစ်ပါသည်။ 9 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် တစ်မျ ိုးတည်းသတ်မှတ် စံကိုက်ဖြစ်သော မှတ်ပုံတင်ကုဒ်ထားရှိသည့်စနစ်ဖြင့် ငွေလုံးငွေရင်းစီမံကိန်း တစ်ခုချင်းအလိုက် ကြီးငယ် ထားသည့် ကုဒ်နံပါတ် မဟူ မတူညီသည့်ကုဒ်နံပါတ်ထားရှိနိုင်စေမည့် မူဘောင်တစ်ခုချမှတ်နိုင်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ထည့်သွင်းသည့် နည်းလမ်း ငွေလုံးငွေရင်းဘတ်ဂျက်များ စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းတို့တွင် စွမ်းဆောင် ဖြင့် ငွေလုံးငွေရင်း စီမံကိန်း နိုင်ရည် တိုးတက်လာစေခြင်း၊ လုပ်ငန်းစီမံကိန်းတစ်ခုချင်းအလိုက် အချက်အလက်များကို ဘတ်ဂျက်စီမံ များအား ဒစ်ဂျစ်တယ် ခန့်ခွဲသူမန်နေဂျာများက အချ ိန်နှင့်တပြေးညီ စောင့်ကြည့်သုံးသပ်နိုင်စေခြင်း၊ စီမံကိန်းတစ်ခုချင်းကိုယေဘု စာရင်းသွင်းထားရှိခြင်း။ ယျအားဖြင့် ခြုံငုံ၍လည်းကောင်း၊ အနုလုံပဋိလုံအားဖြင့်လည်းကောင်း လေ့လာဆန်းစစ်ခြင်းတို့ကို ဖြစ်စေ မည်ဖြစ်ပါသည်။ ထိုသို့ဆောင် ရွက်ခြင်းကို စမတ်ဖုန်းနည်းပညာများ အသုံးချ၍ ဆောင်ရွက်နိုင်ပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင်လည်း ၎င်းနည်းပညာကို စမ်းသပ်ဆောင်ရွက်လျက်ရှိနေပါသည်။ ဖော်ပြပါဆောင်ရွက်ချက်က တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ပြည်သူ့ရေးရာကဏ္ဍ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှုအားကောင်းလာစေရေး အစောပိုင်းခြေလှမ်း များကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါသည်။ ထို့အပြင် ပိုမိုရှုပ်ထွေးသည့် သတင်းအချက်အလက်စနစ်များနှင့် ပေါင်းစပ်ချ ိတ်ဆက်ခြင်းမပြုမီ စီမံကိန်း အချက်အလက်စင်တာကို ကျင့်သားရစေရန်နှင့် ဒီဇိုင်းအပြောင်းအလဲများဆောင်ရွက်နိုင်ရန်အချ ိန်ရစေ မည်ဖြစ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ် သုံးစွဲနိုင်သည့်ဘတ်ဂျက်နည်းပါးကာ ဆုံးဖြတ်ချက်များကို ခဲခဲယဉ်းယဉ်းချမှတ်ရသည့်အတွက် ရင်းနှီး များ၌ အသုံးစရိတ်များ မြှုပ်နှံမှုများဆောင်ရွက်ရာတွင် အမှန်တကယ်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားမှုမပြုပဲ ရင်းနှီးမြှုပ်နှံ သုံးစွဲရာတွင် လိုအပ်ချက် မှုများကို ဒေသတစ်ခုလုံးအတွက် နည်းနည်းနှင့်ကျဲကျဲ ဖြန့်ဝေသုံးစွဲရဟန်ရှိပါသည်။ အကန့်အသတ် များနှင့် ပိုမို ချ ိတ်ဆက် ဘဏ္ဍာရေး ရင်းမြစ်များကို ခွဲဝေသုံးစွဲရာတွင် target ထားသုံးစွဲမှုကို အားကောင်းစေခြင်းဖြင့် တိုင်းဒေသ သုံးစွဲခြင်းဖြင့် အသုံးစရိတ် ကြီး/ပြည်နယ်အစိုးရများက အသုံးစရိတ်များ သုံးစွဲရာတွင် ထိထိရောက်ရောက် ရှိလာနိုင်စေမည်ဖြစ်ပါ များ၏ ထိရောက်မှုကို သည်။ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များအနေဖြင့် ၎င်းတို့၏ဘတ်ဂျက်မှ အသုံးစရိတ်များသုံးစွဲရာတွင် တိုးတက်စေနိုင်ခြင်း။ မြို့နယ်အလိုက် target ထား သုံးစွဲမှုမူဝါဒတစ်ရပ်ကို ပုံဖော်ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ ဆောင်ရွက်ရာ တွင် ဥပမာအားဖြင့် ရှုထောင့်စုံဆင်းရဲနွမ်းပါးမှုအညွန်းကိန်း Multi-Dimensional Deprivation Index- MDI ကဲ့သို့သော ဒေသအလိုက် ဖွံ့ဖြိုးမှုညွှန်းကိန်းအချက်အလက်များကို ပိုမို စနစ်တကျ သုံးစွဲနိုင်ပါသည်။ မြို့နယ်အလိုက် အများဆုံး တိုင်းဒေသကြီးများနှင့်ပြည်နယ်များက အောက်ခြေမှအထက်သို့တင်ပြလာသည့် ရင်းနှီးမြုပ်နှံမှု ခန့်မှန်း သုံးစွဲနိုင်သည့် ဘတ်ဂျက် ချက်များ (အသုံးစရိတ်အဆိုပြုလွှာများ)နှင့် ဝန်ကြီးဌာနများကခန့်မှန်း၍ အထက်မှ အောက်သို့ ချထား ကို သတ်မှတ်၍ ဘတ်ဂျက် ပေးသည့် ဘတ်ဂျက်ခန့်မှန်းချက်များကြား ကွာဟမှုမှာ အတော်အတန်ကြီးမားပါသည်။ အကျ ိုးဆက်အနေ လုပ်ငန်းစဉ် အစောပိုင်း ဖြင့် နင်းယှဉ်လျှင် လက်တွေ့မကျသော၊ အကျ ိုးရလဒ်နည်းသော အဆိုပြုလွှာများကို ရွေးချယ်ဆောင်ရွက် ကာလတွင် အသိပေးခြင်း။ မိသည်မျ ိုးလည်း ရှိနိုင်ပြီး အားနည်းနေနှင့်ပြီးဖြစ်သည့် ဦးစားပေး အသုံးစရိတ်များ ရွေးချယ်ခြင်းလုပ်ငန်း စဉ်နှင့် အကဲဖြတ်မှုလုပ်ငန်းစဉ်အပေါ်တွင် ပို၍ ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။ မြို့နယ်အဆင့် အသုံးစရိတ် များ target ထား သုံးစွဲခြင်းဖြင့် မြို့နယ်အလိုက် အမြင့်ဆုံးသုံးနိုင်သည့် ဘတ်ဂျက်ဘောင်များထားရှိ၍ စီမံ ကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်အစောပိုင်းတွင် အသိပေးခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ရာ မြို့နယ်အတွင်း စီမံကိန်းရေးဆွဲခြင်းနှင့် ဦးစားပေးရွေးချယ်ခြင်းတို့ကို လွယ်ကူစေရန် ပံ့ပိုးနိုင်မည် ဖြစ်ပါသည်။ ပြည်သူလူထုပါဝင်နိုင်ခွင့် အောက်ပါအချက်များကိုထည့်သွင်းစည်းစားသင့်သည်။ ရှိသော (လိုအပ်ပါက) • စွမ်းဆောင်ရည်မြှင့်တင်ခြင်း - ကောင်းမွန်သော စီမံကိန်းရွေးချယ်စရာစာရင်း တစ်ခုကိုပေးပြီး ပဋိပက္ခအခြေအနေများကို ရပ်ရွာ လူထုများက မည်သည့်စီမံကိန်းများအားအကောင်အထည် ဖော်မည်ကို ဆုံးဖြတ်ရာတွင် ပါဝင် တုံ့ပြန်ဖြေရှင်းပေးနိုင်သော ခွင့်ပြုခြင်း။ အသုံးစရိတ် ဦးစားပေး • အားလုံးပါဝင်စေခြင်း/ပြည်သူလူထုပါဝင်စေနိုင်ခြင်း - လုပ်ငန်းများအားလုံးတွင် အပယ်ခံနှင့် အထိ သတ်မှတ်ခြင်း အစီအစဉ်ကို ခိုက်ခံရလွယ်သော အုပ်စုများ အထူးသဖြင့် အတိတ်တွင် ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ထည့်သွင်း ရေးဆွဲကျင့်သုံးခြင်း။ စဉ်းစားမှုများမှ ချန်လှပ်ထားခံရသောသူများ ပါဝင်စေရေးကို တက်ကြွစွာဆောင်ရွက်ခြင်း။ • ယုံကြည်မှု၊ မကျေနပ်မှုများအတွက် ဖြေရှင်းသည့်နည်းလမ်း - စီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူများက မကျေနပ်ချက်များ ဖြေရှင်းနိုင်သော ပွင့်လင်းမြင်သာမှုရှိသည့် နည်လမ်းတစ်ခု ရှိရန်လိုပါသည်။ ထိုနည်းလမ်းကိုသုံး၍ ပြည်သူများအနေဖြင့် မိမိတို့၏ထင်မြင်ယူဆချက်များ ဖော်ပြခြင်း၊ မကျေနပ်ချက်များကိုလည်း တိုင်တန်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်သလို စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ ဘတ်ဂျက်စက်ဝန်းအတွင်းအခြားအဆင့်များ (အကောင်အထည်ဖော်ခြင်း၊ တင်ဒါခေါ်ယူခြင်းစသည့်) တွင် အငြင်းပွားမှုများကို ဖြေရှင်းနိုင်မည့် မျှတသော လုပ်ထုံးလုပ်နည်းများကို ရှိထားစေမည်ဖြစ်ပါသည်။ 10 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ဆွဲဆောင်မှုရှိသော ဘဏ္ဍာငွေထောက်ပံ့မှုစနစ်ကိုအခြေပြု၍ မြို့ပြများ၌ ကိုယ်ပိုင်အခွန်ဝင်ငွေ ပိုမိုကောက်ခံ ကြစေရန်အတွက်လည်းကောင်း၊ ဘက်စုံပါဝင်သည့် မြို့ပြတိုးတက်မှုအခြေအနေ ဖြစ်ထွန်းရန်အတွက်လည်း ကောင်း မြို့ပြဆိုင်ရာရင်းနှီးမြှုပ်နှံမှုများကို ဟန်ချက်ညီမှုရှိစေရန် ဆောင်ရွက်ရပါမည်။ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ထောက်ပံ့မှုပမာဏ သိသာစွာတိုးမြှင့်လာခြင်းဖြင့် စုစုပေါင်းအစိုးရ အသုံးစရိတ်တွင် ၎င်း ထောက်ပံ့မှု၏ပါဝင်မှုအချ ိုးအစားလည်း တိုးမြှင့်လာမည်ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၌ စုစုပေါင်း ရရှိနိုင်သော အရင်းအမြစ်များသည် ၂၀၁၂/၁၃ မှစ၍ ၂၀၁၇/၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ ၂၄ ရာခိုင်နှုန်းဖြင့်တိုးတက်လျက် ရှိပြီး တန်ဖိုးသင့်တွက်ချက်ထားသည့် ထုတ်ကုန်တန်ဖိုး (nominal term) အရ သုံးဆ တိုးမြင့်လာပါသည်။ ယင်းကာလ အတွင်း၌ပင် တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ထောက်ပံ့မှုသည် ၂၀၁၂/၁၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ် ကုန်တန်ဖိုး၏ ၁.၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၇/၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ၂.၉ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ပါသည်။ ပြည်ထောင်စု၏ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာထောက်ပံ့ငွေ၊ အထူးသဖြင့် ပြည်ထောင်စုမှအထွေထွေလွှဲပြောင်း ထောက်ပံ့ငွေသည် အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်အကြား၌လည်းကောင်း၊ တူညီသောအုပ်ချုပ်ရေးအဆင့်အကြား၌လည်း ကောင်း ဘဏ္ဍာရန်ပုံငွေမညီမျှခြင်းကို ထိန်းညှိပေးရန် အဓိကအချက်ဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အများစုသည် ၎င်းတို့ ဘဏ္ဍာရန်ပုံငွေအတွက် ပြည်ထောင်စု၏ထောက်ပံ့ငွေအပေါ် အဓိကမှီခိုနေကြရပါသည်။ သို့သော် ခြွင်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သည် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များအတွက် ခွဲဝေပေး သည့် အခွန်ဘဏ္ဍာဝေစုနှင့် ကိုယ်ပိုင်အခွန်ဘဏ္ဍာငွေကို အဓိက အမှီပြုကြပါသည်။ ၂၀၁၅/၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ အစိုးရ အုပ်ချုပ်ရေး အဆင့်ဆင့်အကြား ဘဏ္ဍာငွေခွဲဝေသည့် နည်းလမ်း သုံးမျ ိုးရှိပါသည်။ ၁) ပြည်ထောင်စုမှအထွေထွေလွှဲပြောင်း ထောက်ပံ့ငွေ ၂) အခွန်ဝေစု နှင့် ၃) ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေအရပေးသည့် မဲဆန္ဒနယ်ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ တို့ဖြစ်ပါသည်။ ယခင်က ထောက်ပံ့ငွေစနစ်သည် အစိတ်အပိုင်းများစွာအပေါ် အခြေခံထားပြီး ပမာဏအားဖြင့် လည်းပို၍နည်းပါးပါသည်။ ၂၀၁၇/၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမှ ထောက်ပံ့ငွေသည် စုစုပေါင်းထောက်ပံ့ငွေ၏ ၈၇ ရာခိုင်နှုန်းရှိပြီး ထောက်ပံ့မှုသုံးမျ ိုးအနက် အရေးကြီးဆုံးဖြစ်ပါသည်။ လွန်ခဲ့သော လေးနှစ်တာကာလအတွင်း ပြည်ထောင်စုမှ ထောက်ပံ့မှုများသည် တစ်သမတ်တည်းရှိခဲ့ပြီး ၂၀၁၂/၁၃ မှ ၂၀၁၇/၂၀၁၈ ခု၊ဘဏ္ဍာရေးနှစ် အကြား ၃ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း အထိ တိုးမြင့်လာခဲ့ပါသည်။ လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ပြည်နယ်များအတွက် ထောက်ပံ့မှုပိုမိုတိုးမြှင့်ပေးခဲ့ပါ သည်။ ၂၀၁၇/၁၈ ခု ဘဏ္ဍာရေးနှစ်၌ ပြည်နယ်များ၏ တစ်ဦးကျထောက်ပံ့ငွေရရှိမှု (၅၆,၂၇၆ ကျပ်) သည် တိုင်းဒေသကြီးများ (၂၆,၅၅၁ ကျပ်) ထက် နှစ်ဆ ပိုမိုများပြားခဲ့ပါသည်။ ၂၀၁၂/၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် ဆိုင်ရာထောက်ပံ့ငွေ စနစ်သည် ပွင့်လင်းမြင်သာမှု၊ ကြိုတင်ခန့်မှန်းတွက်ဆနိုင်မှု၊ ထိရောက်မှုနှင့် ပတ်သက်၍ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပါ သည်။ ယခင်က တိုင်းဒေသကြီး/ပြည်နယ်များအား ရန်ပုံငွေထောက်ပံ့ပေးရာတွင် ဘဏ္ဍာရေးလိုငွေပြမှုအတွက် ရန်ပုံငွေ ဖြည့်ဆည်းပေးသည့် နည်းလမ်းအပေါ်အခြေခံခဲ့ပြီး နောက်ပိုင်းတွင် စည်းမျဉ်းနည်းလမ်းများအပေါ် အခြေခံထားသည့် ကာလလတ်ဘဏ္ဍာရေးမူဘောင်နည်းကို ကမ္ဘာ့ဘဏ်အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များအကြား ဘဏ္ဍာငွေခွဲဝေရာတွင် အသုံးစရိတ်ဘောင်သတ်မှတ်၍ ညွှန်းကိန်းများကိုအခြေပြုတွက်ချက်ထား သည့်နည်းလမ်းကို အသုံးပြုခဲ့ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များအကြား ထောက်ပံ့ငွေရရှိမှု မျှတစေရန်အတွက် ဖွံ့ဖြိုး ရေးဆိုင်ရာလိုအပ်ချက်များ၊ ဘဏ္ဍာငွေရရှိမှုဆိုင်ရာ အဟန့်အတားများနှင့် စပ်လျဉ်းသည့် ညွှန်းကိန်းခြောက်ခုကို အခြေပြု တွက်ချက်၍ ထောက်ပံ့ငွေသတ်မှတ်ပေးသည့်နည်းလမ်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ထောက်ပံ့ငွေဆိုင်ရာ မည်သည့် နည်းလမ်းမဆို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ရန် လိုအပ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာထောက်ပံ့မှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခက်ခဲမှုများရှိနေဆဲဖြစ်ပါ သည်။ ထောက်ပံ့မှုဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့က ဆောင်ရွက်ကြပါသည်။ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ခံဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုရှိကြသော်လည်း ယင်းကဲ့သို့ ဌာနနှစ်ခုက စီမံခန့်ခွဲဆောင်ရွက်သောကြောင့် ဘဏ္ဍာရေးနှစ်အတွင်း ရှောင်တခင်ပြောင်းလဲမှုများနှင့် ပြည်ထောင်စုမှအထွေထွေလွှဲပြောင်း ထောက်ပံ့ငွေဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး ခန့်မှန်းခြေစာရင်းတွက်ချက်ရာတွင် အားနည်းစေသောကြောင့် ကြိုတင်ခန့်မှန်းနိုင်စွမ်းနှင့် ပွင့်လင်းမြင်သာမှုတို့ ကျဆင်းလာ ပါသည်။ 11 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ပြည်ထောင်စုမှအထွေထွေလွှဲပြောင်းထောက်ပံ့ငွေ တိုးတက်မှုနှုန်း လျော့ကျလျက်ရှိပါသည်။ စုစုပေါင်း လွှဲပြောင်းထောက်ပံ့ ငွေပမာဏသည် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းအပေါ် မူတည်ပါသည်။ နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေ စာရင်းတွင် လွှဲပြောင်းထောက်ပံ့ငွေပမာဏကို ထည့်သွင်းရေးဆွဲရပါသည်။ အကျ ိုးဆက်အနေနှင့် ပြည်ထောင်စုဘဏ္ဍာငွေ ကန့်သတ်မှုများ၊ အထူးသဖြင့် ဝင်ငွေခွန်ရရှိမှုနည်းပါးခြင်းကြောင့် ၂၀၁၃/၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ ထောက်ပံ့ငွေ ပမာဏအပေါ် အကျ ိုးသက်ရောက်မှုများ ရှိပါသည်။ ၂၀၁၇/၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်များထံသို့ ပြည်ထောင်စုမှ လွှဲပြောင်းထောက်ပံ့ငွေပမာဏသည် ပြည်ထောင်စု၏ပညာရေးအသုံးစရိတ်နီးပါးရှိခဲ့ပြီး စိုက်ပျ ိုးရေးနှင့် ကျန်းမာရေးကဏ္ဍ အသုံးစရိတ် ထက်ပိုမိုမြင့်မားခဲ့ပါသည်။ ပြည်ထောင်စုမှအထွေထွေလွှဲပြောင်းထောက်ပံ့ငွေ တွက်ချက်မှုပုံသေနည်းသည် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ညီမျှမှု အပေါ် အနည်းငယ်သာ အကျ ိုးသက်ရောက်မှုရှိပါသည်။ အဆိုပါ ပုံသေနည်းသည် တိုင်းဒေသကြီး/ပြည်နယ်များအတွက် ထောက်ပံ့ငွေ စုစုပေါင်းပမာဏပိုမိုတိုးများလာသည့်အပေါ် မူတည်၍ အနည်းဆုံးအနေနှင့် ယခင်ဘဏ္ဍာရေးနှစ်ထက်မနည်းပါး ဘဲရရှိကြစေရန် သေချာမှုရှိစေရမည် ဖြစ်သည်။ ပြည်ထောင်စုမှ အထွေထွေလွှဲပြောင်းထောက်ပံ့ငွေ၏ ၆ ရာခိုင်နှုန်းခန့်ကိုသာ ပုံသေနည်းတွက်ချက်မှုဖြင့် ခွဲဝေသတ်မှတ်ပါသည်။ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များထံသို့ လွှဲပြောင်းပေးသည့် အခွန်ဝေစုတွက်ချက်နည်းသည် အခွန်ရငွေအပေါ် အခြေခံပြီး တိုးတက်မှုရင်းမြစ်များအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံရာတွင် အရေးကြီးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံသော အခွန်လေးမျ ိုးဖြစ်သည့် တစ်ဦးချင်းအပေါ်ကောက်ခံသည့်ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် နှင့် တံဆိပ်ခေါင်းခွန် တို့ကို ကောက်ခံသည့် တည်နေရာပေါ်အခြေခံ၍ တိုင်းဒေသကြီး/ ပြည်နယ်များအား ဝေစုခွဲဝေပေးပါသည်။ ထို့ကြောင့် စက်မှုလုပ်ငန်းများ နှင့် စီးပွားရေးဆုံချက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသ ကြီးသည် ၂၀၁၇/၁၈ ခု၊ဘဏ္ဍာရေးနှစ်တွင် အခွန်ဝေစု၏ ၅၆ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ တွက်ချက်မှုနည်းလမ်းတွင် ချ ိန်ညှိမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် လျော့နည်းသွားသော်လည်း ၂၀၁၆/၁၇ ခု၊ ဘဏ္ဍာရေးနှစ်၌ ၈၇ ရာခိုင်နှုန်းရှိခဲ့သည့် အခြေအနေကဲ့သို့ပင် အခွန်ဝေစုရရှိမှု ရာခိုင်နှုန်းမြင့်မားလျက်ရှိပါသည်။ ယေဘုယျအားဖြင့် ပြည်ထောင်စု၏လွှဲပြောင်းထောက်ပံ့ငွေစနစ်သည် ကိုယ်ပိုင်အခွန်ကောက်ခံမှုအတွက် ဆွဲဆောင်မှုမရှိ ကြောင်း တွေ့ရှိရပါသည်။ တွက်ချက်မှုနည်းလမ်းအရ ပြည်ထောင်စု၏ အထွေထွေ လွှဲပြောင်းထောက်ပံ့ငွေ ခွဲဝေမှုနှင့် ကိုယ်ပိုင် အခွန်ကောက်ခံမှုတို့ အနည်းငယ်သာ ဆက်စပ်မှုရှိပါသည်။ ဥပမာ - တိုင်းဒေသကြီး/ပြည်နယ်များသည် အခွန်အခြေနှင့် အခွန်နှုန်းထားများကို သတ်မှတ်နိုင်ခွင့်မရှိခြင်း သို့မဟုတ် ၎င်းတို့အား ခွဲဝေပေးလျက်ရှိသည့် အခွန်ဝေစုအမျ ိုးအစားများနှင့် ပတ်သက်၍ အခွန်ကောက်ခံပိုင်ခွင့် မရှိခြင်း။ ဤအခွန်ဝေစုခွဲဝေမှုစနစ်သည် တိုင်းဒေသကြီး/ပြည်နယ်များ၏ လုပ်ပိုင်ခွင့် များကို ကန့်သတ်ထားပြီး အခွန်ပြုပြင်ပြောင်းလဲမှုအတွက် ဆွဲဆောင်မှုမရှိသည့် စနစ်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ကိုယ်ပိုင်ဘဏ္ဍာငွေ ရရှိမှုသည် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များထက် ပို၍ခိုင်မာအားကောင်းပါသည်။ ၂၀၁၇/၁၈ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၌ ကိုယ်ပိုင်အခွန်ကောက်ခံ ရရှိမှုသည် စုစုပေါင်းဘဏ္ဍာရန်ပုံငွေ၏ ၇၀ ရာခိုင်နှုန်းရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၌ ၅၄ ရာခိုင်နှုန်းရှိခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းသာလျှင် ၂၀၁၂/၁၃ မှ ၂၀၁၇/၁၈ ခု၊ ဘဏ္ဍာရေးနှစ်အကြား ကိုယ်ပိုင်အခွန်ဝင်ငွေနှင့် အခြားဝင်ငွေများ ရရှိမှု ခိုင်မာအားကောင်းခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၏ ငွေလုံးငွေရင်း ရငွေ နှင့် ကြွေးမြီဆိုင်ရာရငွေများ သုံးစွဲမှုပုံစံသည်လည်း အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့်မတူပါ။ တိုင်းဒေသကြီး/ပြည်နယ်များ၏ ကိုယ်ပိုင်ရငွေသည် နည်းပါး၍ လုံလောက်မှုမရှိကြောင်း တွေ့ရှိရပါသည်။ ကိုယ်ပိုင်ဘဏ္ဍာငွေ ရရှိမှု တိုးတက်မှုနှုန်းသည် ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးမှလွဲ၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ် များတွင် နည်းပါးလျက်ရှိပါသည်။ အခွန်ကောက်ခံမှုဆိုင်ရာ လုပ်ပိုင်ခွင့်အနည်းငယ်သာရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များသည် အဓိကအားဖြင့် ပစ္စည်းခွန်နှင့် ဘီးခွန်များမှ အခွန်ဝင်ငွေရရှိကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် အခအမျ ိုးမျ ိုးနှင့် အခြားရငွေများအပေါ် အဓိကအမှီပြုနေရပါသည်။ မြို့ပြများတွင် မြေစျေးနှုန်းများကို ထိရောက်စွာ မသတ်မှတ်နိုင်သောကြောင့် မြို့ကြီးအများစု အထူးသဖြင့် ရန်ကုန်မြို့တွင် မြေခွန်ရရှိမှုသည် ရနိုင်ခြေရှိသည်ထက် ပို၍ နည်းပါးကြောင်း တွေ့ရှိရပါသည်။ 12 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ကိုယ်ပိုင်အခွန်ဘဏ္ဍာရငွေကို ဆွဲဆောင်မှုရှိသောနည်းလမ်းများဖြင့် ပိုမိုရရှိစေရန် ဆောင်ရွက်စဉ် လွှဲပြောင်းထောက်ပံ့ငွေစနစ် နှင့် မျှတမှုကိုအခြေခံ၍ ထောက်ပံ့ငွေခွဲဝေပေးသည့်စနစ်တို့ကို ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်းသည် တိုင်းဒေသ ကြီး/ပြည်နယ်ဆိုင်ရာ ရင်းမြစ်များမျှတစွာခွဲဝေမှု ကိုပိုမိုကောင်းမွန်စေသည့် အဓိကအချက်ဖြစ်ပါသည်။ မူဝါဒများဖြင့် အထက်ဖော်ပြပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပါမည်။ ပြည်သူ့အသုံးစရိတ်ပြန်လည်သုံးသပ်ခြင်းသည် ချမှတ်ထားသော မူဝါဒများ၏ အကျ ိုးသက်ရောက်မှုကို ဆန်းစစ်သောလုပ်ငန်းစဉ် ဖြစ်ပါသည်။ ဖြစ်နိုင်ခြေများကို အခြေခံ၍ ပုံဖော်ထားသော မူဝါဒများအနက်တစ်ခုမှာ မြေနေရာအသစ်များ၌ ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးမှုများကြောင့် မြို့တော်စည်ပင်သာယာရေးကော်မ တီအနေနှင့် လက်ရှိစုစုပေါင်းပစ္စည်းခွန်ရငွေထက် ၆၀ ရာခိုင်နှုန်း ပိုမိုရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ရန်ကုန်မြို့၏ ချမ်းသာကြွယ်ဝဆုံးမြို့နယ်များ ပစ္စည်းခွန်နှုန်းထားများကို သင့်လျော်သကဲ့သို့ ပြန်လည်ပြင်ဆင်သတ်မှတ်ပါက လက်ရှိ စုစုပေါင်းပစ္စည်းခွန်ရငွေထက် ၄၃ ရာခိုင်နှုန်းပိုမိုရရှိနိုင်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား မရွှေ့ပြောင်းနိုင်သော အခွန်အခြေခံများ (ဥပမာ - စားသောက်ဆိုင်များထံမှ ကောက်ယူသည့် ကုန်သွယ်လုပ်ငန်းခွန်)တွင် လက်ရှိသတ်မှတ်ထား သည့် အခွန်နှုန်းထားအပေါ်တွင် အပိုဆောင်းရာခိုင်းနှုန်း ထပ်ဆင့်၍ ပေါင်းဖြည့်နိုင်သည့် လုပ်ပိုင်ခွင့်ပေးခြင်းဖြင့် လက်ရှိအခွန် ပမာဏထက် ဒေါ်လာ ၁.၂ သန်းပိုမို ရရှိနိုင်ပါသည်။ ညင်သာစွာပြောင်းလဲရန်လိုအပ်သည့် ပြည်ထောင်စု၏အထွေထွေ လွှဲပြောင်းထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ တွက်ချက်မှုများကိုပိုမိုအသုံးပြုခြင်း၊ အစိုးရအုပ်ချုပ်ရေးအဆင့်ဆင့်အကြား ဘဏ္ဍာငွေ ခွဲဝေမည့် ပမာဏအကြောင်း ဆွေးနွေးခြင်းတို့အတွက် မူဝါဒများကို ပုံဖော်သည့်နည်းလမ်းဖြင့် အကြံပြုတင်ပြထားပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များ၏ ဘဏ္ဍာရေးစနစ် ပိုမိုခိုင်မာအားကောင်းစေခြင်း၊ နိုင်ငံတော် အစိုးရက ဦးတည်ဆောင်ရွက်နေသည့် မြို့ပြဖွံ့ဖြိုးရေး၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် ဘက်စုံပါဝင်မှုရှိစေခြင်းတို့ကို အထောက်အကူပြုနိုင်မည့် အကြံပြုတင်ပြချက်များ အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် သာတူညီမျှမှုရှိစေရေးကို ကာလတို - တွက်ချက်မှုကို အခြေခံ၍ တိုင်းဒေသကြီး/ပြည်နယ်များအား လွှဲပြောင်းထောက်ပံ့ရန် မြှင့်တင်ခြင်း။ လျာထားချက်ကို လက်ရှိသတ်မှတ်ထားသည့် ၆ ရာခိုင်နှုန်းမှ ညင်သာစွာ အဆင့်ဆင့်တိုးမြှင့်ပေးခြင်း။ တိုင်းဒေသကြီး/ပြည်နယ်များ နှင့် ညှိနင်းဆွေးနွေး၍ ၎င်းတို့ထံမှ အကြံပြုချက်များအပေါ်အခြေခံ၍ တွက်ချက်မှုနည်းလမ်းကို ပြောင်းလဲသတ်မှတ်ခြင်း။ ကာလလတ် - တိုင်းဒေသကြီး/ပြည်နယ်များအတွက် ထောက်ပံ့ငွေပမာဏနှင့် ထောက်ပံ့ငွေခွဲဝေမှု အတွက် တွက်ချက်မှုနည်းလမ်း တို့ကို သတ်မှတ်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ အတူတကွ ပုံမှန်ဆွေးနွေးပွဲများပြုလုပ်ခြင်း။ ရန်ကုန်တိုင်းဒေသကြီး ကာလတို - တိုင်းဒေသကြီး/ပြည်နယ်များအား မရွှေ့ပြောင်းနိုင်သော အခွန်အခြေများအပေါ်တွင် နှင့် မန္တလေးတိုင်းဒေသ ရာခိုင်နှုန်း ထပ်မံပေါင်းနိုင်သည့် လုပ်ပိုင်ခွင့်ပေး၍ အပိုဆောင်းရရှိသည့် အခွန်ပမာဏကို ၎င်းတို့အား ကြီးများ၌ အခွန်ဘဏ္ဍာ ရရှိစေခြင်း။ ဝင်ငွေတိုးမြှင့်လာစေရန် အခွန်ကောက်ခံမှုနှင့် ကာလလတ် - တိုင်းဒေသကြီး/ပြည်နယ်များအား မရွှေ့ပြောင်းနိုင်သော အခွန်အခြေများကို ထပ်မံချဲ့ထွင် စပ်လျဉ်း၍ လုပ်ပိုင်ခွင့် ခွင့်ပေးခြင်း နှင့် ပိုမိုရရှိလာသည့် အခွန်ပမာဏကို ခွဲဝေပေးခြင်း။ ပိုမိုပေးခြင်းနှင့် ဆွဲဆောင်မှု ကာလရှည် - မရွှေ့ပြောင်းနိုင်သော အခွန်အခြေခံအတွက် အခွန်ကောက်ခံမှုလုပ်ပိုင်ခွင့်ကို တိုင်းဒေသ ရှိသော အခွန်ကောက်ခံမှု ကြီး/ပြည်နယ်အဆင့်သို့ တစ်ဆင့်ချင်း အပ်နှင်းပေးခြင်း။ စနစ်ကို သတ်မှတ်ခြင်း။ ကိုယ်ပိုင်အခွန် ဝင်ငွေ ကာလတို - တိုင်းဒေသကြီး/ပြည်နယ်များက ကောက်ယူနိုင်မည့် အခြားအခွန်အခများကို အကျ ိုး အတွက် အခွန်ကောက်ခံ အကြောင်းဆီလျော်စွာဖြင့် စာရင်းပြုစုရန်။ မှုကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ခြင်း။ ကာလတိုမှကာလလတ်အထိ - ပစ္စည်းခွန်ကောက်ခံမှု ပိုမိုကျယ်ပြန့်လာရန်၊ အထူးသဖြင့် တန်ဖိုး သတ်မှတ်မှုနှင့် လွှမ်းခြုံမှုတို့ကို တိုးမြှင့်ရန်အတွက် မူဝါဒများသတ်မှတ်ခြင်း။ ကာလရှည် - မြေပေါ်၌ ဖြစ်ထွန်းလာသောဖွံ့ဖြိုးမှုအပေါ် ကောက်ခံသည့် အခွန်အခစနစ်ကို စတင်ခြင်း။ 13 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် အစိုးရအုပ်ချုပ်ရေး ကာလတို - တိုင်းဒေသကြီး/ပြည်နယ်များအတွက် ပြည်ထောင်စု၏လွှဲပြောင်းထောက်ပံ့ငွေပမာဏကို အဆင့်ဆင့်အကြား သတ်မှတ်ရာတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ သက်ဆိုင်ရာ ဘဏ္ဍာငွေ ထောက်ပံ့မှု ဌာနခွဲများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေခြင်း။ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ ကာလတို မှ ကာလလတ် - ဘဏ္ဍာရေးနှစ် အစပိုင်း၌ တိုင်းဒေသကြီး/ပြည်နယ်များအတွက် လွှဲပြောင်း ဆောင်ရွက်ခြင်း။ ထောက်ပံ့ငွေပမာဏအပေါ် အာမခံမှုရှိစေရန် ချ ိန်ညှိနိုင်မည့် ရန်ပုံငွေ ထားရှိခြင်း။ ကာလတိုနှင့် ကာလလတ် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၌ တိုင်းဒေသကြီး/ပြည်နယ်များသည် ကြွေးမြီနှင့် ပတ်သက်၍ အထိ တိုင်းဒေသကြီး/ စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ပြန်လည်ပေးဆပ်ရာတွင်လည်းကောင်း စွမ်းဆောင်နိုင်စွမ်းအား ပြည်နယ်အဆင့်မှ အပြည့်အဝမရှိသေးသောကြောင့် ၎င်းတို့မှ ချေးငွေတိုက်ရိုက် ရယူခြင်း မပြုလုပ်သင့်ပါ။ အစိုးရ တိုက်ရိုက်ချေးငွေ ရယူခြင်း ကြွေးမြီစျေးကွက်သည် အစပြုသည့် အခြေအနေတွင်သာ ရှိနေပါသည်။ အစိုးရငွေတိုက်စာချုပ်များကို ကို ရှောင်ရှားခြင်း။ ၂၀၁၆ ခုနှစ်၌စတင် ထုတ်ဝေခဲ့ပြီး ရေရှည်အတွက်ကြွေးမြီဆိုင်ရာ ယန္တရားများ မရှိသေးပါ။ ၂၀၁၇ ခုနှစ် အစိုးရအသုံးစရိတ်ပြန်လည်သုံးသပ်မှု အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကြွေးမြီစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စွမ်းဆောင်နိုင်အား အပြည့်အဝမရှိသေးကြောင်း၊ ကြွေးမြီစီမံခန့်ခွဲမှုအတွက် ဌာနကို ၂၀၁၅ ခုနှစ်၌ ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၌ အဆိုပါလုပ်ငန်းစဉ် မရှိသေးပါ။ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များအတွက် ကြွေးမြီနှင့်ပတ်သက်သည့် ရေရှည် တည်တံ့နိုင်ခြေနည်းပါးပြီး စရိတ်နှင့် ဆုံးရှုံးနိုင်ခြေတို့ကိုလည်း ထိရောက်စွာချ ိန်ဆနိုင်မည် မဟုတ်ပါ။ အစိုင်အခဲစွန့်ပစ်ပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုသည် မဖြစ်မနေ အရေးပါသည့် မြို့ပြစည်ပင်သာယာရေး ဝန်ဆောင်မှု တစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် ယင်းကဏ္ဍသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှု မရှိဘဲ လုပ်ငန်းစဉ်များအတွက်လည်း ရန်ပုံငွေပံ့ပိုးမှု မရှိသေးပါ။ အစိုင်အခဲစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု (SWM) သည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက စည်ပင်သာယာရေးအဖွဲ့များမှ တစ်ဆင့် အပြည့်အဝ စီမံခန့်ခွဲနိုင်သည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် ယင်းဝန်ဆောင်မှုလုပ်ငန်းသည် စည်ပင် သာယာရေးအဖွဲ့များ၏ တာဝန်ဖြစ်သည်ဟု ပြည်သူများက သတ်မှတ်ထားကြပါသည်။ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေ နည်းနိုင်ငံများတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အခက်အခဲများရှိပြီး ရုန်းကန်ဆောင်ရွက်နေရဆဲဖြစ် ပါသည်။ မြန်မာနိုင်ငံသည်လည်း အလားတူပင်ဖြစ်ပါသည်။ အမက်ပမာဏ ပိုမိုများပြားလာပြီး ၎င်းအမက်များတွင် ပါဝင် သည့်ပစ္စည်းများလည်း ပြောင်းလဲလာသောကြောင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ခက်ခဲမှုများ ရှိပါသည်။ မြန်မာနိုင်ငံ၏ မြို့ပြဒေသများမှ စွန့်ထုတ်သော စွန့်ပစ်ပစ္စည်းပမာဏ မြင့်မားလာပါသည်။ သို့သော် လက်ရှိ စွန့်ပစ်ပစ္စည်း သိမ်းဆည်းခြင်းဝန်ဆောင်မှုများ၏ ဆောင်ရွက်နိုင်မှု မြို့ပြလူဦးရေအနည်းငယ်ကိုသာ လွှမ်းခြုံနိုင်ပါသည်။ ရန်ကုန်မြို့၌ နေ့စဉ်ခန့်မှန်းခြေ စွန့်ပစ်ပစ္စည်း ၂,၂၁၇ တန်ခန့် သို့မဟုတ် တစ်နှစ်လျှင် ၈၀၉,၀၀၀ တန်ခန့် နှင့် မန္တလေးမြို့တွင် နေ့စဉ် ၁,၀၀၀ တန်ခန့် သို့မဟုတ် တစ်နှစ်လျှင် ၃၆၅,၀၀၀ တန်ခန့် သိမ်းဆည်းနေရပါသည်။ မြို့ပြနေထိုင်သူတစ်ဦးမှ တစ်နေ့လင် စွန့်ပစ်ပစ္စည်း ၀.၈ ကီလိုဂရမ်ခန့် စွန့်ထုတ်နေ ပါသည်။ လက်ရှိအရင်းအမြစ်များအရ ရန်ကုန်မြို့တွင် စွန့်ပစ်ပစ္စည်းများ၏ ၅၉ မှ ၇၉ ရာခိုင်နှုန်းအထိ၊ မန္တလေးမြို့တွင် ၈၀ ရာခိုင်နှုန်းခန့်ကို သိမ်းဆည်းနိုင်ကြောင်း တွေ့ရှိရပါသည်။ ယင်းအခြေအနေအပေါ် မူတည်၍ မသိမ်းဆည်းနိုင်သေးသည့် အမက်ပမာဏကြီးမားဆဲဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။ မြို့အများစု၌ SWM သည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ ကုန်ကျစရိတ်မှာလည်း နည်းပါးဆဲဖြစ်ပါသည်။ အမက်သိမ်း ဆည်းခြင်းကို အပြည့်အဝလွှမ်းခြုံနိုင်ခြင်းမရှိသောကြောင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုမရှိသောကြောင့် လည်းကောင်း ပျမ်းမျှတစ်ယူနစ်အတွက် စရိတ်နည်းပါးခြင်းဖြစ်ပါသည်။ ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် အစိုင်အခဲစွန့်ပစ်ပစ္စည်း သိမ်းဆည်းခြင်းအများစုကို ပုဂ္ဂလိကလုပ်ငန်းသို့ လွှဲပြောင်းဆောင်ရွက်မှု မစတင်မီ ၂၀၁၅ နှစ်အထိ ယင်းလုပ်ငန်းကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတကာစံနှုန်းများဖြင့် နင်းယှဉ်လျှင် မြန်မာ 14 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း နိုင်ငံ၏ စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်းကုန်ကျစရိတ်သည် နည်းပါးပါသည်။ နည်းပညာပိုင်းထိရောက်စွာဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ တိုင်းတာခြင်းထက် ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် ဝန်ဆောင်မှုကို အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိဘဲ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ခြင်း မရှိပါ။ ဥပမာ - အမက်များသိပ်သည်းသွားစေရန် ဆောင်ရွက်ခြင်း၊ မြေ ကြီးတွင်းသို့စိမ့်ဝင်သွားမည့် ဓာတ်ငွေ့များကို သိုလှောင်ခြင်း၊ စွန့်ပစ်နေရာမှ ထွက်ရှိလာသည့် အညစ်အကြေးအရည်များကို သန့်စင်ခြင်း သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းမှုကို ပုံမှန်ဆောင်ရွက်ခြင်း။ ကုန်ကျစရိတ်နည်းပါးသည့်တိုင် ဝန်ဆောင်ခရငွေနည်းပါးသောကြောင့် လုပ်ငန်းဆောင်ရွက်မှုအတွက် ကုန်ကျစရိတ် လုံလောက်မှု မရှိပါ။ ယင်းအခြေအနေကြောင့် အနာဂတ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ် အသုံးပြုမှုကို ထိခိုက်စေပါသည်။ မြန်မာနိုင်ငံ၏ မြို့ကြီးများ၌ စွန့်ပစ်အမက်စီမံခန့်ခွဲမှုအသုံးစရိတ် အတွက် အိမ်ထောင်စုများ နှင့် စီးပွားရေးလုပ်ငန်းများမှ အခွန်အခကောက်ခံပါသည်။ ကောက်ခံသော အခွန်အခမှာ နည်းပါ၍ ရန်ကုန်မြို့တွင် တစ်နှစ်ပတ်လုံးအတွက် အိမ်ထောင်စု တစ်စုလျှင် ၃,၆၀၀ ကျပ် (၂.၄ အမေရိကန်ဒေါ်လာ) မှ ၇,၂၀၀ ကျပ် (အမေရိကန် ၄.၅ ဒေါ်လာ) အထိသာ ပေးဆောင်ရပါ သည်။ အမက်ပုံများတွင် စုပုံရန် အတွက်လည်း အခွန်အခမှာ နည်းပါးပါသည်။ စွန့်ပစ်အမက်စီမံခန့်ခွဲမှု လုပ်ငန်းများ အတွက်လိုငွေမှာ မြန်မာကျပ်ငွေ ၆.၇ ဘီလျ ီယံ (ကန်ဒေါ်လာသန်းပေါင်း ၄.၅ သန်း) ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှု ကုန်ကျငွေ ၏ ၅၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ ထို့ကြောင်စည်ပင်သာယာရေးအဖွဲ့များသည် စွန့်ပစ်အမက်စီမံခန့်ခွဲမှုလုပ်ငန်းများကို ၎င်းတို့၏ ကိုယ်ပိုင်ဝင်ငွေမှ သုံးစွဲ၍ ဆောင်ရွက်ကြပါသည်။ လက်ရှိ၌ စွန့်ပစ်အမက်စီမံခန့်ခွဲမှုအတွက် ဘတ်ဂျက်ပမာဏ အများအပြားကို အသုံးပြုနေရသောကြောင့် (ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ၁၃ မှ ၁၅ ရာခိုင်နှုန်း) ကိုယ်ပိုင်ဘဏ္ဍာဝင်ငွေ အတွက် အခွန်အခကောက်ခံခြင်းသည် ယင်းဝန်ဆောင်မှုအတွက် အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ အဖွဲ့အစည်း နှင့် ငွေစာရင်းဆိုင်ရာ စီမံခန့်ခွဲမှုများ အားနည်းဆဲဖြစ်ပါသည်။ ဥပမာ ငွေစာရင်းပိုင်းတွင် အစိုင်အခဲစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၏ အဓိကလုပ်ငန်းစဉ်များအလိုက် ဥပမာ (၁) အမက်ပုံးကုန်ကျစရိတ်အပါအဝင် အမက်သိမ်းဆည်းခြင်းနှင့် အမက်သယ်ယူစရိတ်များ၊ (၂) စွန့်ပစ်ပစ္စည်းများ ခွဲခြားခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ဖျက်ဆီးခြင်းနှင့် စွန်ပစ်ခြင်း၊ (၃) အများပြည်သူပိုင် လမ်းကြားများနှင့်နေရာများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ခွဲခြားထားခြင်း မရှိပါ။ ယင်းအချက်အလက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီ၌ ဌာနတစ်ခုတည်းတွင် မှတ်တမ်းထား၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၌ ဌာနတစ်ခုစီတွင် မှတ်တမ်း ထားကြောင်း တွေ့ရှိရပါသည်။ သုံးသပ်မှုမှ တွေ့ရှိရသည့် အချက် လေးချက်မှာ - (၁) မြန်မာနိုင်ငံ၏ မြို့ပြနေရာများတွင် စွန့်ထုတ်သော စွန်ပစ်ပစ္စည်းပမာဏ ပိုမိုများပြားလာပါသည်။ (၂) စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းသည် မြို့ပြလူဦးရေအနည်းငယ်ကိုသာ လွှမ်းခြုံနိုင်ပါသည်။ (၃) စည်ပင်သာယာရေးအဖွဲ့များအနေနှင့် စွန့်ပစ်ပစ္စည်း သိမ်းဆည်းမှုကို အပြည့်အဝလွှမ်းခြုံနိုင်ခြင်း မရှိသော်လည်း ၎င်းတို့၏ဘတ်ဂျက်ပမာဏအများစုကို ယင်းလုပ်ငန်းများအတွက် အသုံးပြုနေရဆဲဖြစ်ပါသည်။ (၄) အခွန် အကောက်ရငွေနည်းပါးပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ အထူးသဖြင့် အမက်စွန့်ပစ်ခြင်းအတွက် ကုန်ကျစရိတ် အနည်းငယ်ဖြင့် ဆောင်ရွက်ရပါသည်။ အမက်စွန့်ပစ်ခြင်းလုပ်ငန်းကို သေချာစွာဆောင်ရွက်နိုင်ရန် လိုအပ်သည့်ငွေလုံးငွေရင်း အသုံးစရိတ် လည်း အလွန်နည်းပါးကြောင်း တွေ့ရပါသည်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အသုံးစရိတ် စည်ပင်သာယာရေးအဖွဲ့များ၏ ကိုယ်ပိုင်အခွန်အခရငွေအပေါ်တွင် အမှီပြုနေရပါသည်။ 15 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း မြို့ပြဒေသများ၌ အစိုင်အခဲစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ပိုမိုအားကောင်းစေရန်အတွက် အကြံပြုတင်ပြချက်များ အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် ကုန်ကျစရိတ် ပြန်လည်ရရှိနိုင်မှု ကာလတို - အိမ်ထောင်စု အလိုက် ပေးဆောင်ရသော သန့်ရှင်းရေးအခများ တိုးမြှင့်ခြင်း တိုးတက်လာစေရန် ဆောင်ရွက်ခြင်း။ ဖြင့် အခွန်အခရငွေ တိုးတက်လာစေခြင်း။ စီးပွားရေးနှင့် အဖွဲ့အစည်းများမှ လက်ရှိ ရရှိနေသော အခွန်အခမှာ ရရှိသော သန့်ရှင်းရေးအခွန်အခဖြင့် ထောက်ပံ့ခြင်း။ လုပ်ငန်းလည်ပတ်မှုအတွက် နည်းပါးခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် ဘဏ္ဍာရေးရေရှည် တည်တံ့မှုရှိစေရန် အခွန်အခကောက်ခံသည့် ပြေစာစနစ်ကိုလည်း ကုန်ကျစရိတ်အတွက် လုံလောက်မှု ပိုမိုကောင်းမွန်စွာဆောင်ရွက်ခြင်း။ မရှိသည်ကို တွေ့ရှိရပါသည်။ ပတ်ဝန်း ကာလလတ် - မြို့ကြီးများတွင် အမက်သိမ်းဆည်းမှုကို ရာနှုန်းပြည့် ဆောင်ရွက်ခြင်း ကျင်နှင့် လက်လျောညီထွေရှိသော ဖြင့် အိမ်ထောင်စုအလိုက်ကောက်ခံသည့် သန့်ရှင်းရေးခွန်ပမာဏလည်း အမက်စွန့်ပစ်ခြင်းနှင့် သန့်စင်ခြင်း တိုးမြှင့်လာခြင်း။ သန့်ရှင်းရေးခွန်ကောက်ခံသည့်လုပ်ငန်းကို ပိုမိုကောင်းမွန်စွာ အပါအဝင် စွန့်ပစ်ပစ္စည်းများ ရာနှုန်းပြည့် ဆောင်ရွက်ခြင်းဖြင့် စွန့်ပစ်အမက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုလုပ်ငန်းအပေါ် သိမ်းဆည်းနိုင်ရန်အတွက် ငွေလုံးငွေရင်း ပြည်သူများ၏ကျေနပ်မှုအတိုင်းအတာ မြင့်မားလာခြင်း။ အသုံးစရိတ်များ လိုအပ်ပါသည်။ စွန့်ပစ်အမက်နှင့် စပ်လျဉ်းသည့် လုပ်ငန်း ကာလတို/ကာလလတ် - အစိုင်အခဲစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအမျ ိုးမျ ိုး၏ စဉ်တစ်ခုစီအလိုက် ခွဲဝေသတ်မှတ်ထား ကုန်ကျစရိတ်အတွက် ဌာနခွဲတစ်ခု ဖွဲ့စည်းခြင်း။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်း သည့် ကုန်ကျစရိတ် (နိုင်ငံတကာစံနှုန်းနှင့် တစ်ခုစီအလိုက် တစ်တန်လျှင် ကုန်ကျမည့် လုပ်ငန်းလည်ပတ်မှုစရိတ်ကို ပွင့်လင်း အညီ စွန့်ပစ်အမက် စီမံခန့်ခွဲမှုဝန်ဆောင်မှု မြင်သာစွာဖြင့် ဆန်းစစ်နိုင်ခြင်း။ သန့်ရှင်းရေးဌာနများအား စွန့်ပစ်အမက်စီမံခန့်ခွဲမှု အတွက် အမက်တစ်တန်လျှင် ကုန်ကျမည့် လုပ်ငန်းအလိုက် စီးပွားရေးအသွင်ဆောင်သည့် ဌာနခွဲများအဖြစ် ပြန်လည်ဖွဲ့စည်းခြင်း။ စရိတ်) တွက်ချက်မှုကို ပိုမိုကောင်းမွန်စွာ (၁) အမက်သိမ်းဆည်းခြင်း/သယ်ယူခြင်း၊ (၂) လမ်းပေါ်ရှိအမက်များရှင်းလင်းခြင်း၊ (၃) ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းရေးဌာန အမက်ကျင်းတွင် အမက်စွန့်ပစ်ခြင်း၊ နှင့် (၄) အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း။ များကို ပြန်လည်ဖွဲ့စည်းခြင်း။ သန့်ရှင်းရေးဌာန၏ စွမ်းဆောင်ရည်ကို အဖွဲ့အစည်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် တိုးတက်လာစေရန် ဆောင်ရွက်ခြင်း။ စွန့်ပစ်ပစ္စည်းသိမ်းဆည်းရာတွင် ကျန်ရှိ ကာလတို/ကာလလတ် - မြို့ကြီးများ၌ စွန့်ပစ်အမက်သိမ်းဆည်းခြင်းကို ရာနှုန်းပြည့် နေမှု ပမာဏ နည်းပါးလာစေရန်အတွက် ဆောင်ရွက်ခြင်း။ ရေမြောင်းများထဲသို့ ပလပ်စတစ်အမက်များ စွန့်ပစ်မှုများသည့် (၁) စွန့်ပစ်အမက်စီမ့ခန့်ခွဲခြင်း ညစ်ညမ်းသောမြို့များကို ဖော်ထုတ်ခြင်း။ ပလပ်စတစ်နှင့် ပတ်သက်သည့် မူဝါဒများ လုပ်ငန်းများ၏ လွှမ်းခြုံမှုကို ချဲ့ထွင်၍ ချမှတ်၍ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများ နှင့် အခြားပစ္စည်းများကို အသုံးပြုကြရန် စွမ်းဆောင် နိုင်အားကို မြှင့်တင်ခြင်း၊ တိုက်တွန်းခြင်း။ (၂) မလိုအပ်သော ပလပ်စတစ်များ ကာလတို - စွန့်ပစ်ပစ္စည်းလျှော့ချရေးနှင့် ပတ်သက်၍ ပြည်သူများအတွက် အသိပညာ စွန့်ပစ်ခြင်းမှ တားဆီးခြင်း၊ စွန့်ပစ်အမက် လျှော့ချခြင်းနှင့်ပတ်သက်၍ ပြည်သူများ ပေးမှုများကို မြှင့်တင်ခြင်း။ စနစ်တကျမဟုတ်ဘဲ အမက်များစွန့်ပစ်ခြင်းကို ရပ်တံ့စေ အား အသိပညာပေးခြင်းတို့ကို ဆောင်ရွက် ရန်လည်းကောင်း၊ ပြည်သူများပါဝင်လာစေရန်လည်းကောင်းနှင့် အသိပညာပေး ခြင်းဖြင့် စွန့်ပစ်အမက် စီမံခန့်ခွဲမှုနှင့် အစီအစဉ်များ ဆောင်ရွက်နိုင်ရန်လည်းကောင်း လိုအပ်သည့် ကုန်ကျစရိတ်ကို သန့်ရှင်း စီမံခန့်ခွဲ့မှုဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုကို ရေးခွန်တွင် ထည့်သွင်းကောက်ခံ၍ ရန်ပုံငွေထားရှိခြင်း။ အားဖြည့်ပေးရန် ဖြစ်ပါသည်။ ဟင်းလင်းပြင်တွင် အမက်စွန့်ပစ်ခြင်းသည် ကာလတို/ကာလလတ် - ကျန်းမာရေးနှင့်ညီညွတ်သော အမက်ကျင်းစနစ်အတွက် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်သည့်ရန်ပုံငွေရရှိရန် အမက်ကျင်းနေရာတွင် ဂိတ်ဝင်ကြေးပေးသည့်စနစ် ပြဿနာများ ဖြစ်ပွားနိုင်သည့်အတွက် သတ်မှတ်ခြင်း။ ၎င်းအလေ့အထကို နည်းပါးလာစေရန် ကာလလတ်/ကာလရှည် - လက်ရှိနေရာများတွင် ဖြစ်နိုင်ပါက ပြန်လည်မွမ်းမံ ဆောင်ရွက်ခြင်း။ ရေရှည်တည်တံ့မည့် ဆောင်ရွက်ခြင်း၊ ထိုကဲ့သို့ မဖြစ်နိုင်ပါက အမက်ကျင်းအဟောင်းများကို ပိတ်သိမ်း အမက်ကျင်းစနစ်ကို ဒေသတွင်း၌ ခြင်း၊ သဘာဝပတ်ဝန်းကျင်းကို ထိခိုက်မှုမရှိသည့် အမက်ကျင်း နေရာသစ်များကို ဆောင်ရွက်ခြင်း။ တည်ဆောက်ခြင်း၊ စွန့်ပစ်အမက် သန့်စင်သည့်စနစ်ကို တိုးတက်သော နည်းပညာ များဖြင့် ဆောင်ရွက်ခြင်း၊ စွန့်ပစ်အမက်မှ အခွန်အခများပိုမိုရရှိစေရန် ဆောင်ရွက်ခြင်း။ 16 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် ဥပဒေပြုရေး နှင့် စည်းမျဉ်းစည်းကမ်းများ ဤအချက်သည် စွန့်ပစ်ပစ္စည်းသိမ်းဆည်းခြင်း နှင့် စွန့်ပစ်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိက ပိုမိုခိုင်မာအားကောင်းလာစေရန် လုပ်ငန်းများထံသို့ လွှဲပြောင်းပေးခြင်းနှင့် သက်ဆိုင်ပါသည်။ အောင်မြင်သော စွန့်ပစ် ဆောင်ရွက်ခြင်း။ အမက်စီမံခန့်ခွဲမှုနစ်တစ်ခုအတွက် လက်ရှိအခြေအနေတွင် ဥပဒေပြုရေးနှင့် စွမ်းဆောင် နိုင်မှု အားနည်းလျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၌ စွန့်ပစ်အမက်စီမံခန့်ခွဲမှု ကဏ္ဍတွင် ပုဂ္ဂလိက၏ ရင်းနှီးမြှုပ်နှံမှုအတွက် ဝင်ငွေ သို့မဟုတ် ဥပဒေပိုင်းဆိုင်ရာ ဆွဲဆောင်မှုသာမက စီးပွားရေးလုပ်ငန်းများတွင်လည်း ယင်းကဏ္ဍ၏ လုပ်ငန်းများ အတွက် အတွေ့အကြုံမရှိသေးပါ။ စည်ပင်သာယာရေး၏ ပုံမှန်အမက်သိမ်းဆည်းသည့် ဝန်ဆောင်မှုလုပ်ငန်းတွင် ပါဝင် မည့် စွန့်ပစ်အမက်အမျ ိုးအစား ခွဲခြားသတ်မှတ်ရန်အတွက်လည်းကောင်၊ အခွန်အခ သီးသန့်ကောက်ယူနိုင်သည့် အမက်အမျ ိုးအစားအုပ်စုကို သတ်မှတ်ရန်အတွက် လည်းကောင်း ဥပဒေပြုရာတွင် “စည်ပင်သာယာ စွန့်ပစ်ပစ္စည်း” ဟူသော စကားရပ်ကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း။ စွန့်ပစ်ပစ္စည်းဆိုင်ရာ သတင်းအချက် ကာလတို/ကာလလတ် - GPS နှင့် လမ်းကြောင်းရေးဆွဲခြင်း စသည့် သတင်းအချက် အလက် စနစ်များ ပိုမိုကောင်းမွန်လာခြင်း။ အလက်နည်းပညာများကို အခြေခံသည့် စနစ်များအသုံးခြင်း။ စွန့်ပစ်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ နှင့် အမက်သိမ်းကားများမှ ပလပ်စတစ်များ ဖိတ်စင် ခြင်းကို ခေတ်မီနည်းပညာ နှင့် ဆက်သွယ်ရေး သတင်းအချက်အလက်နည်းပညာများ အသုံးပြု၍ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါသည်။ အမက်သိမ်းဆည်းခြင်း လွှမ်းခြုံမှု အတိုင်းအတာ တိုးတက်လာစေရန်အတွက် ခေတ်မီနည်းပညာများဖြစ်သည့် အချက် အလက်စုစည်းမှု (database) စနစ် နှင့် GPS လမ်းကြောင်းစနစ်နည်းလမ်းများ နှင့် စက်ပစ္စည်းများ လိုအပ်ပါသည်။ အိမ်ထောင်စုအမျ ိုးအစားအလိုက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ/အဖွဲ့အစည်း အမျ ိုးအစားအလိုက်လည်းကောင်း ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း ပမာဏကို ဆန်းစစ်ရန်လိုအပ်ပါသည်။ Google မြေပုံ နှင့် GDP ဖြင့် လမ်းကြောင်းရေးဆွဲသည့် နည်းလမ်းများဖြင့် အမက်သိမ်းကား၏ အမှန်အမက်သိမ်း ဆည်းသည့်လမ်းကြောင်းကို စောင့်ကြည့်စိစစ်နိုင်ပါသည်။ GDP နည်းပညာအသုံးပြု၍ အမက်သိမ်းဆည်းရာလမ်းကြောင်း စောင့်ကြည့်သည့်နည်းလမ်းကို ရန်ကုန်တိုင်း ဒေသကြီး၌ စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ မြို့ပြဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စပ်လျဉ်းသည့် အလားအလာရှိသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်းအတွက် ထိရောက်သော မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်သည် မရှိမဖြစ်အရေးပါသည့် စနစ်တစ်ခုဖြစ်ပါသည်။ အဆိုပါ စနစ်အတွက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအဆင့်ဆင့်အကြား ထိရောက်သော ပူးပေါင်းညှိနင်းမှုများ ဆောင် ရွက်ရန် လိုအပ်ပါသည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့၏ လူနေမှုဘဝနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ လိုအပ်မှုများသည် အခြားဒေသများနှင့် ကွဲပြား ပါသည်။ ရန်ကုန်မြို့တွင် စုစုပေါင်းခရီးစဉ်များ၏ တစ်ဝက်ခန့်အတွက် ဘက်(စ်) ကားများပြေးဆွဲလျက်ရှိပါသည်။ သို့သော် ကိုယ်ပိုင်ကားအစီးရေလည်း သိသာစွာ ပိုမိုများပြားလာပါသည်။ ၂၀၁၀ ခုနှစ်နှင့် နင်းယှဉ်ပါက ကိုယ်ပိုင်ကားအစီးရေ သုံးဆ ခန့် ပိုမိုများပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ မန္တလေးမြို့တွင်မူ အစိုးရဘက်(စ်)ကားများ မရှိသလောက် နည်းပါးပြီး လမ်းပန်းဆက်သွယ်ရေးအသုံးပြုမှု၏ ၇၀ ရာခိုင်နှုန်းမှာ မော်တော်ဆိုင် ကယ်များဖြစ်ကြပါသည်။ ယင်းမြို့ကြီးနှစ်မြို့စလုံးသည် ကြုံတွေ့နေရသော မြို့ပြဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် မူဝါဒများ၊ နည်းပညာအသုံးပြုနိုင်စွမ်းအားနှင့် လုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေများ လိုအပ်ပါသည်။ မြို့ပြသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုဆိုင်ရာလိုအပ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပုံစံများရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လက်ရှိပါဝင်ဆောင်ရွက်သူများ၏ တာဝန်များနှင့် ကိုက်ညီမှုရှိသည့် အစီအစဉ်များ လိုအပ်ပါသည်။ ရန်ကုန်မြို့၌ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့သော်လည်း မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့တော် 17 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အဆင့်များအကြား တာဝန်သတ်မှတ်မှုများ ကွဲပြားနေဆဲဖြစ်ပါသည်။ မန္တလေးမြို့တွင် သယ်ယူပို့ဆောင်ရေးအတွက် အစိုးရအာဏာပိုင်အဖွဲ့အစည်း မရှိသေးပါ။ ရန်ကုန်မြို့တွင် လက်ရှိအခြေအနေအရ လမ်းကြောင်း၊ အချ ိန်ဇယားအလိုက် ပြေးဆွဲသော ဘက်(စ်)ကားများနှင့် ခရီးတစ်ထောက်နားသည့် မီးရထားဘူတာများကို ချ ိတ်ဆက်ထားသော စနစ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ခက်ခဲပါသည်။ ဌာနအဖွဲ့အစည်း အသီးသီးက တာဝန်ယူထားကြသော ကြောင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ် စေပါသည်။ အဆိုပါစီမံခန့်ခွဲမှုလုပ်ငန်းများသည် ယာဉ်ကြောပိတ်ဆို့ခြင်းနှင့် လမ်းအန္တရာယ် ကင်းရှင်းခြင်းအတွက် မရှိမဖြစ် အရေးကြီးသောလုပ်ငန်းများ ဖြစ်ပါသည်။ အစိုးရကဏ္ဍ မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ အသုံးစရိတ်ဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ပြည်သူများလိုအပ်သည့် မြို့ပြ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို ပြည့်မှီစွာ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်းတွေ့ရှိရပါသည်။ ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးရေးအတွက် လမ်းများချ ိတ်ဆက်ထားသည့် ကွန်ယက်များပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းများဖောက်လုပ်ခြင်း ထက် မြို့ပြလမ်းများအတွက် အသုံးစရိတ်မှာ ယင်းတိုင်းဒေသကြီးနှစ်ခုတွင် လိုအပ်သည်ထက် နည်းပါးပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားများမဖြစ်စေရန် ကာလတိုနှင့် ကာလလတ်တွင် တိုင်းဒေသကြီးဂျ ီဒီပီ၏ ၁.၅ ရာခိုင် နှုန်းခန့်ကို လမ်းများအတွက် အသုံးပြုသင့်ပါသည်။ ယင်းအချက်သည် အထူးသဖြင့် ရန်ကုန်မြို့အတွက် အရေးကြီးပါသည်။ ကာလရှည်၌ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ assets များအတွက် စီမံရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့အတွက် ဌာနအဖွဲ့အစည်းများ၏ စွမ်းဆောင်နိုင်အားကို မြှင့်တင်းပေးရမည် ဖြစ်ပါသည်။ မြို့ပြပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ အသုံးစရိတ် ပိုမိုမြင့်မားလာမှုနှင့်အတူ ထိရောက်မှုလည်း ပိုမိုကောင်းမွန်လာရန် လိုအပ်ပါသည်။ မြို့ပြသယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦနှင့် ဝန်ဆောင်မှုများ၏ လိုအပ်ချက်များကို ထိရောက်မှုတစ်မျ ိုးတည်းဖြင့် ဖြည့်ဆည်းနိုင်မည် မဟုတ်ပါ။ သို့သော် သတ်မှတ်ပေးထားသော အသုံးစရိတ်မှ ပြန်လည်ရရှိလာ သည့် ရလဒ်များမှ ဖြစ်ထွန်းလာသည့် အကျ ိုးရလဒ်များသည် မြို့ပြနှင့် လူမှုဘဝများပိုမိုတိုးတက်လာရန်အတွက် အရေး ကြီးပါသည်။ ယုံကြည်အားထားနိုင်သော ဘဏ္ဍာရေးနှင့် ရန်ပုံငွေအရင်းအမြစ်များ မရှိလျှင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့များက ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ထိရောက်စွာရေးဆွဲနိုင်မည် မဟုတ်ပါ။ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ကောင်း မွန်ရန်နှင့် ပိုမိုချဲ့ထွင်နိုင်ရန် အစိုးရ-ပုဂ္ဂလိကအကျ ိုးတူပူးပေါင်းဆောင်ရွက်ခြင်း (PPPs) လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင် သော်လည်း ယင်းလုပ်ငန်းများသည် အစိုးရ၏စီမံကိန်းလုပ်ငန်းမျာဖြစ်ကြောင်း သတိပြုမည်ဖြစ်ပြီး အစိုးရကဏ္ဍဘက်မှ ကိုယ်စား ညှိနင်းမှုများဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုများလိုအပ်ကြောင်း သတိပြုရပါမည်။ ရန်ကုန်မြို့နှင့် မန္တလေးမြို့ နှစ်မြို့စလုံး၌ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ရန်ပုံငွေ အစီအစဉ်များရေးဆွဲခြင်း၊ အရင်းအမြစ်များအသုံးပြု၍ ကြိုတင် ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အကျ ိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။ လက်ရှိ ကျင့်သုံးလျက်ရှိသည့် ရန်ပုံငွေစနစ်အပြင် ဓာတ်ဆီ၊ လောင်စာဆီအပေါ်အခွန်ကောက်ခံခြင်းဖြင့် အနာဂတ်၌ရင်းနှီးမြှုပ်နှံမှု အတွက် ဘဏ္ဍာဝင်ငွေရရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ မြို့ပြသယ်ယူပို့ဆောင်ရေး၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်ရန်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ပြည်သူများ၏ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အကြံပြုတင်ပြချက်များ အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် ပေါင်းစပ်မှုကို အခြေခံထားသော မြို့ပြ အဖွဲ့အစည်းဆိုင်ရာ တာဝန်ကွဲပြားမှုများကို ဖော်ထုတ်ခြင်း။ ရန်ကုန်မြို့၏ အစိုးရ သယ်ယူပို့ဆောင်ရေး မူဝါဒရေးဆွဲခြင်းနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စည်းမျဉ်းစည်းကမ်းများချမှတ်နိုင်သည့် YRTA ၏ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း။ မန္တလေးမြို့၌ မြို့ပြသယ်ယူပို့ဆောင်ရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်မှုကိုအခြေခံထားသော မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို စတင်ဆောင်ရွက်ခြင်း။ 18 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် အထူးသဖြင့် ရန်ကုန်မြို့၌ မြို့ပြသယ်ယူ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြားလာသောကြောင့် လမ်းကွန်ယက်များ၏ ခံနိုင်ဝန် ပို့ဆောင်ရေးအတွက် အသုံးစရိတ်ကို ပိုမို အပေါ်တွင် ဖိအားများ ပိုမိုမြင့်မားလာပါသည်။ ယင်းအခြေအနေတွင် အစိုးရကဏ္ဍ၏ တိုးမြှင့်ပေးခြင်း။ ဆုံးရှုံးနိုင်ခြေကို တွက်ချက်ပြီး စောင့်ကြည့်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များ သတ်မှတ်၍ PPP နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့များ၌ သယ်ယူ အခွန်ဘဏ္ဍာရရှိသည့် အခြေအနေ၊ ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ရေရှည် ပို့ဆောင်ရေးစီမံချက်များကို ပြန်လည် တည်တံ့မည့် အခြေအနေ ရှုထောင့်မှ အသစ်ထပ်မံရရှိနိုင်မည့် ဘဏ္ဍာငွေအရင်းအမြစ် သုံးသပ်ခြင်း။ များကို ဖော်ထုတ်ခြင်း။ ပြည်သူများ လိုအပ်သည့်ဝန်ဆောင်မှုဆိုင်ရာ လိုအပ်မှုများနှင့် စျေးကွက်၏အခြေအနေကို ချ ိန်ဆရန်အတွက် လက်ရှိဘဏ္ဍာရေးစနစ်ကို ပြန်လည် ဆန်းစစ်ခြင်း။ အချက်အလက်ကန့်သတ်မှုများကို ထိရောက်မှုကို အလေးထားသည့်အနေဖြင့် မြို့ပြသယ်ယူပို့ဆောင်ရေးအသုံးစရိတ်၏ ဖော်ထုတ်ခြင်း။ အရည်အသွေးဆိုင်ရာ ရလဒ်များနှင့် သက်ဆိုင်သည့် အချက်အလက်များကိုစနစ်တကျ ကောက်ယူခြင်းနှင့် စုစည်းခြင်း။ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကိုယ်ပိုင်ရပိုင်ခွင့်အရ ဒစ် ဂျစ်တယ်စနစ်အုပ်ချုပ်ရေးမဟာဗျူဟာဖြင့် ဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုသည် ဒေသတွင်းရှိ အခြားနိုင်ငံများထက် နောက်ကျသော်လည်း လျင်မြန်စွာ တိုးတက်လျက်ရှိပါသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း အဆိုပါဖွံ့ဖြိုးတိုးတက်မှုအပေါ်အခြေခံ၍ ပြည်တွင်းဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် ဒစ်ဂျစ်တယ်နည်းစနစ်သို့ ကူး ပြောင်းသည့် ကနဦးအဆင့်တွင်သာ ရှိနေသေးပါသည်။ ပြည်သူ့ဘဏ္ဍာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ အခွန်ကောက်ခံမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများကို ကွန်ပြူတာစနစ်ဖြင့် တစ်ဆင့်ချင်း ဆောင်ရွက်လျက်ရှိသော်လည်း များသောအားဖြင့် အချက်အလက်များကို မှတ်တမ်းထားရာတွင် စာရွက်စာတမ်းများကိုသာ အသုံးပြုလျက်ရှိပြီး ယင်းအချက်အလက်များကို တစ်နေရာတည်း၌ စုစည်းထားခြင်း မရှိပါ။ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အွန်လိုင်းဝန်ဆောင်မှုများကို အပြည့်အဝ ဆောင်ရွက်နိုင်ရန် လိုအပ်မှုများရှိသော်လည်း ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုနှင့်ပြီး ဖြစ်ပါသည်။ များသောအားဖြင့် ဝန်ဆောင်မှုအပေါ် ပြည်သူများထံမှ တုံ့ပြန်မှုများရရှိရန် လူမှုကွန်ယက်ကိုအသုံးပြုကြပါသည်။ မြို့ပြအဆင့်တွင် ပထဝီအနေ အထားဆိုင်ရာ ဂြိုဟ်ထုအခြေပြုသတင်းအချက်အလက် (Geospatial information) ကောက်ယူခြင်း လုပ်ငန်းများအတွက် ကန့်သတ်မှုများရှိပါသည်။ မန္တလေးတွင် ပြည်သူ့လုံခြုံရေးအတွက် စီစီတီဗွီကွန်ယက်တပ်ဆင်ထားပြီး “Smart City” အဖြစ်သို့ အသွင်ကူးပြောင်းနေပြီ ဖြစ်ပါသည်။ ပြည်တွင်းကုမ္ပဏီတစ်ခုက အလှူရှင်များ၏ပံ့ပိုးမှုဖြင့် အခွန်ကောက်ခံသည့် အပ်ပလီကေးရှင်းတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ယင်းအပ်ပလီကေးရှင်းကို မြို့ငယ်များတွင်သာ အသုံးပြုနိုင်သေးသော်လည်း အခြားစမ်းအသုံးပြုမှုများကိုလည်း ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် စီမံအုပ်ချုပ်မှုအပေါ် မျှော်လင့်ချက်များရှိပြီး မြို့ပြနေရာများတွင် စတင်ဆောင်ရွက်နေကြပြီဖြစ် ပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အရအသုံးဆိုင်ရာ အချက်အလက်များအရ e-governance အတွက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ဦးစားပေးမှု ပိုမိုမြင့်မားလာကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့တော်အတွက် e-governance ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇/၁၈ ဘဏ္ဍာရေးနှစ် မှ ၂၀၁၈ ခြောက်လဘတ်ဂျက်ကာလအကြား ကျပ်သန်းပေါင်း ၃၀၀ မှ ၉၀၀ အထိ တိုးမြင့်ခဲ့ပြီး စုစုပေါင်းအသုံးစရိတ်၏ ၀.၄ ရာခိုင်နှုန်းမှ ၁.၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ ယင်း အသုံးစရိတ်တွင် ကွန်ပြူတာများဝယ်ယူခြင်း၊ ဒေတာစင်တာများတည်ဆောက်ခြင်း၊ ယာဉ်ရပ်နားခကောက်ခံရာတွင် ယာဉ် ရပ်နားသည့်နေရာများ၌ ဆင်ဆာစက်များတပ်ဆင်ခြင်းတို့အတွက် အသုံးစရိတ်များပါဝင်ပါသည်။ ရန်ကုန်မြို့၌ ၂၀၁၈/၁၉ ခု၊ ဘဏ္ဍာရေးနှစ်တွင် e-governance အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၃၀၀ (မြို့တော်စီမံခန့်ခွဲရေးဘတ်ဂျက်၏ ၀.၁ ရာခိုင်နှုန်း) လျာထားခဲ့ပါသည်။ 19 တိုင်းဒေသကြီး/ပြည်နယ်ဆိုင်ရာ ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၉) မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်း ကာလတိုနှင့် ကာလလတ်အတွင်း အင်တာနက်ကွန်ယက် နှင့် မိုဘိုင်းဖုန်းအသုံးပြုမှုများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ကို တွေ့မြင်ရပါမည်။ နည်းပညာများ တိုးတက်လာခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များက အုပ်ချုပ်ရေးကဏ္ဍ၌ ဒစ်ဂျစ် တယ်နည်းလမ်းအုပ်ချုပ်ရေးစနစ်ကို နေရာအများအပြားတွင် တွင်ကျယ်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ပြည်တွင်း၌ ရှိသောအရင်းအမြစ်များကို အသုံးပြု၍လည်းကောင်း (ဥပမာ - စီမံခန့်ခွဲရေးစနစ် သို့မဟုတ် မိုဘိုင်းဖုန်း သို့မဟုတ် ဆင်ဆာ စက်များ)၊ နိုင်ငံတကာအရင်းအမြစ်များ (ဥပမာ - ဂြိုဟ်ထုမှ ဖမ်းယူထားသည့် ပုံရိပ်များ)ကို အသုံးပြု၍လည်းကောင်း ဒစ်ဂျစ်တယ်အချက်အလက်များကို စုစည်းနိုင်ပါသည်။ စည်ပင်သာယာရေးအဖွဲ့များအတွက် ဒစ်ဂျစ်တယ်မြေပုံများကိုကြည့် ခြင်းဖြင့် ၎င်းတို့၏မြို့ပြအခြေအနေကို ကောင်းကင်ထက်မှ မြင်ရသည့်အသွင်ဖြင့် တွေ့မြင်နိုင်ပါသည်။ စီမံရေးဆွဲရေးလုပ်ငန်း များ၊ ရေကြီးမည့်အခြေအနေကို ဆန်းစစ်ခြင်း၊ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့၌ မြေခွန်အတွက် မြေပုံမှတ်တမ်းများကို မြေပြင် အခြေအနေနှင့် ကိုက်ညီမှုရှိစေရန် ဆောင်ရွက်ခဲ့သကဲ့သို့ ပစ္စည်းခွန်ကောက်ယူမှုစနစ်အတွက် အောက်ခြေအခြေအနေများကို သုံးသပ်ရာတွင် ယင်းဒစ်ဂျစ်တယ်မြေပုံသည် များစွာအသုံးဝင်ပါသည်။ တည်နေရာဆိုင်ရာ အချက်အလက် များကို အသုံးပြု၍ ရရှိနိုင်ခြေရှိသည့် အခွန်ပမာဏကို မြေပုံပေါ်တွင် လွယ်ကူလျင်မြန်စွာ ခန့်မှန်းနိုင်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၌ အဖွဲ့အစည်းပိုင်းဆိုင်ရာ ပံ့ပိုးမှုများမရှိခြင်းသည် ဒစ်ဂျစ်တာနည်းပညာဖြင့်လုပ်ငန်းများ စတင်ဆောင်ရွက်ရန်အတွက် အဓိကအဟန့်အတားဖြစ်ပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် ဒစ်ဂျစ်တယ်နည်း ပညာ အခြေပြုအုပ်ချုပ်ရေးစီမံချက်များကို သက်ဆိုင်ရာ တိုင်းဒေကြီး/ပြည်နယ်ဝန်ကြီး သို့မဟုတ် အကြံပေးပုဂ္ဂိုလ်များက ဦးဆောင်လျက်ရှိပါသည်။ အလားတူပင် မြို့တော်အဆင့်တွင် ဒစ်ဂျစ်တယ်နည်းပညာအခြေပြုအုပ်ချုပ်ရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုသည် ကျွမ်းကျင်ပညာရှင်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအပေါ်၌ အမှီပြုလျက်ရှိပါသည်။ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသောဌာနအဖွဲ့အစည်း တစ်ခုမရှိသေးပါ။ မြန်မာနိုင်ငံ၌ ဒေသန္တရအဆင့်တွင် အခြေစိုက်သည့် ဒစ်ဂျစ်တယ်နည်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အောက်ပါအကြံပြုချက်များကို တင်ပြအပ်ပါသည်။ အကြံပြုတင်ပြချက် အသေးစိတ်ဖော်ပြချက် လက်တွေ့ဆောင်ရွက်နိုင်မည့် တိုင်းဒေသကြီး/ပြည်နယ် ခေါင်းဆောင်မှုပိုင်းထံသို့ “ဒစ်ဂျစ်တယ်စနစ်များပိုင်ဆိုင်မှုအခြေ ဒစ်ဂျစ်တယ်နည်းပညာ အခြေပြု အနေ” အစီရင်ခံစာ တင်ပြခြင်း နှင့် နှစ်စဉ် ဒစ်ဂျစ်တယ်အစိုးရအစီအစဉ်ကို ရေးဆွဲခြင်း။ အုပ်ချုပ်ရေး အပ်ပလီကေးရှင်းများ။ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှု၊ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာကို ကိုင်တွယ်ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များစုစည်း၍ အစိုးရ-ပုဂ္ဂလိက အကျ ိုးတူပူးပေါင်း အင်အားတစ်ရပ် ထူထောင်ခြင်း ဥပမာ - ပြည်တွင်း တက္ကသိုလ်များနှင့် ဒစ်ဂျစ်တယ် ဆောင်ရွက်မှု၊ နည်းပညာနှင့် ကိုက်ညီမှု။ ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ ဒေသတွင်း၌သာမက ပြင်ပတွင်လည်း လက်တွေ့ပြုလုပ်ခြင်းမှသင်ယူခြင်း နည်းလမ်းဖြင့် ပါဝင်ဆောင်ရွက်သူ အချင်းချင်းအကြား အပြန်အလှန် ချ ိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့် ဥပဒေမူဘောင်ရေးဆွဲခြင်း၊ ပုံစံကြမ်းများပြုလုပ်ခြင်း၊ အစိုးရဌာနဆိုင်ရာများအကြား၌ လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်လည်းကောာင်း ပူးပေါင်းဆောင်ရွက်ခြင်း။ အဘက်ဘက်မှ ဆောင်ရွက်နိုင်သည့် ဘက်စုံပေါင်းစပ်ထားသည့် ဒစ်ဂျစ်တယ်အစိုးရပုံစံ၏ လက်တွေ့ အခန်းကဏ္ဍ၊ မူဘောင်တစ်ခုရေးဆွဲခြင်း။ တာဝန်များနှင့် ရလဒ်များကို ကြိုတင်စဉ်းစားခြင်း၊ ဂြိုဟ်ထုသတင်းအချက်အလက် စနစ်ကဲ့သို့ အခမဲ့ပံ့ပိုးထားသော စနစ်များကို အသုံးပြုခြင်း၊ နည်းပညာကိုအသုံးပြု၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူများထံမှ တုံ့ပြန်ချက်များ ရယူခြင်း၊ မိုဘိုင်းဖုန်းကိုအသုံးပြု၍ ဒေသန္တရအဆင့်၌ ပိုင်ဆိုင်မှုများကို မှတ်တမ်းပြုစုခြင်း။ 20 The following policy notes, based on the PER, have been prepared by the World Bank and Renaissance Institute and are available, in Myanmar and English, on the website of the Renaissance Institute. Managing Subnational Governance i Energizing Subnational Oversight ii Supporting Women to Fulfill their Potential in Subnational Government iii Unlocking the Potential of Digital Governance at the Subnational Level Managing Subnational Finance iv Improving the Quality of Subnational Capital Expenditures v Suggestions to Improve Intergovernmental Fiscal Transfers vi Improving Tax Sharing Arrangements Managing the Challenges of Rapid Urbanisation vii Realising the Potential of the Property Tax in Yangon viii The Potential of Land Value Capture Tools in Yangon ix Rising to Meet the Urban Mobility Challenge in Mandalay x A Strategy for Reforming Solid Waste Management in Yangon xi Ideas for Solid Waste Management Reform in Mandalay xii A Strategy for Reforming Solid Waste Management in Taunggyi The full document in English can be seen at the link. http://documents.worldbank.org/curated/en/400111577821333322/pdf/Subnational-Public-Expenditure-Review-2019-Fostering-Decentralization-in-Myanmar.pdf The World Bank Myanmar Level 21, Sule Square, 221, Sule Pagoda Road, Kyauktada Township, Yangon 11182, Myanmar www.worldbank.org/myanmar www.facebook.com/WorldBankMyanmar myanmar@worldbank.org